close

လူဒါဇင်ချီ ဆန္ဒပြ

close

July 9, 2021

တိုကျိုအိုလံပစ်ဖျက်သိမ်းပေးရန် လူဒါဇင်ချီ ဆန္ဒပြ

အိုလံပစ်မီးရှူးတိုင်ဟာ အိုလံပစ်အားကစားပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို ရောက်ရှိလာချိန်မှာပဲ ဇူလိုင် ၉ ရက်က အင်အားဒါဇင်ရှိတဲ့ ဆန္ဒပြသူတွေဟာ တိုကျို ၂၀၂၀ အိုလံပစ် အားကစားပွဲတော်ကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ပါတယ်။

 ဆန္ဒပြသူတွေဟာ အိုလံပစ်မီးရှူးတိုင် စိုက်ထူထားရာ မြို့တော်အရှေ့ပိုင်း ဆင်ခြေဖုံးမှာရှိတဲ့ ကိုမာဇာဝါအိုလံပစ်ပန်းခြံအားကစားရုံအပြင်ဘက်မှာ စာတန်းတွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ အော်ဆိုခဲ့ပါတယ်။  

အာဏာပိုင်တွေကတော့ ပရိသတ်တွေမပါဘဲ တိုကျိုမှာ အားကစားပွဲတွေ ကျင်းပမယ်လို့ ဇူလိုင် ၈ ရက်မှာ ကြေညာခဲ့ပေမဲ့ မြို့တော်အနှံ့ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာနေ တာကြောင့် အားကစားပြိုင်ပွဲကို လုံးဝဖျက်သိမ်းဖို့  ဆန္ဒပြသူတွေက တောင်းဆိုခဲ့တာပါ။

ကိုဗစ်ကို အကောင်းဆုံးတိုက်ဖျက်ရေးကတော့ အားကစားပွဲကို ဖျက်သိမ်းတာ ပါပဲလို့ အသက် ၆၀ အရွယ်ဆန္ဒပြသူ တိုရှီရိုမီယာဇာကီ ကပြောကြားခဲ့ပါတယ်။ 

ဘာပဲဖြစ်ဖြစ် အိုလံပစ်နဲ့  မသန်စွမ်းအိုလံပစ် အားကစားပွဲတွေကို ချက်ချင်းဖျက်သိမ်းဖို့ ဆက်ပြီး တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။ 

အိုလံပစ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှာ စတင်မှာဖြစ်ပြီး သြဂုတ် ၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

အာဏာပိုင်တွေဟာ တိုကျိုမြို့တော်ကြီးရဲ့အပြင်ဘက် တချို့နေရာတွေမှာတော့ ပရိသတ်အရေအတွက် နည်းနည်းလောက်ကို ခွင့်ပြုပေးမှာဖြစ်ပြီး တာဝေး ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတွေအတွက် အများပြည်သူသုံးလမ်းတွေမှာ စုရုံးခြင်းမပြုဖို့ ပြည်သူတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ 

5 mins Ago
Up