close

လူနာသစ် ၆ ဦး

close

December 6, 2022

မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၆၄၉ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၆ ယောက်တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၁၁ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၈၈ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၃,၃၂၄ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၀၇,၈၆၃ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

1 hour Ago

October 30, 2020

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ထပ်တွေ့၊ အတည်ပြုလူနာ ၆၇၀ ကျော် ရှိလာ

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့က ၂ ဦးစီ၊ မော်လမြိုင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့က ၁ ဦးစီ စုစုပေါင်း ၆ ဦး ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတာပါ။ ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၆ ဦးစလုံးဟာ သက်ဆိုင်ရာမြို့နယ်တွေက အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်တင်း စင်တာတွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ထူးခြားမှုအနေနဲ့ ရောဂါပိုး တွေ့ရှိခဲ့တဲ့ သထုံမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးဟာ ခရီးသွား ရာဇဝင်လည်း မရှိသလို ပိုးတွေ့လူနာနဲ့ ထိတွေ့ထားခြင်း မရှိတဲ့သူတွေ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ကိုဗစ်အတည်ပြုလူနာ အားလုံးကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးထားပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇၃ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ လူနာ ၄၀၀ ကျော် ဆေးရုံဆင်းခွင့်ရှိသွားပြီ ဖြစ်ပါတယ်။
2 years Ago
Up