close

လူနာသစ် ၉ ဦး

close

January 16, 2023

မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၉ ဦး တွေ့ရှိ၊ ၁ ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် ညပိုင်း မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၃,၂၅၉ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၉ ယောက်တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၂၈ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၃,၇၅၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၂၂၀ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

26 seconds Ago

September 5, 2020

တောင်ဥက္ကလာပက လူနာသစ် ၉ ဦး အိုမီဂါအလှပြင်ဆိုင်ဝန်ထမ်းများဖြစ်

တောင်ဥက္ကလာပမြို့နယ်က ပိုးတွေ့ လူနာ ၁၂ ယောက်ထဲက ၉ ယောက်ဟာ  ရတနာလမ်း အိုမီဂါအလှပြင်ဆိုင်က ပိုးတွေ့လူနာအမှတ် ၈၂၃ နဲ့ ဆက်စပ်ပြီး ကူးစက်ခံရတယ်လို့ ​တောင်ဥက္ကလာပ ၈-ရပ်ကွက် အုပ်ချုပ်​ရေးမှူး ဦးမြင့်​ကျော်က ပြောပါတယ်။ ဒီ​နေ့မနက် လူနာသစ် ၄၅ ဦးထဲမှာ ရန်ကုန်တိုင်းက ​လူနာ ၃၈​ ဦးပါဝင်ပြီး ​တောင်ဥက္ကလာက ၁၂ ဦး ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်​​နေ့က​တွေ့ခဲ့တဲ့ ပိုး​တွေ့အမျိုးသမီး အမှတ် ၈၂၃  နဲ့ဆက်စပ်ပြီး ဆိုင်ကို ​လော့​ဒေါင်းလုပ်ထားကာ ဆိုင်ရှိ ဝန်ထမ်း ၅၀ ​ကျော်ကို ဆိုင်ထဲမှာ အသွားအလာ ကန့်သတ်ထားရာက ၉ ​ဦးမှာ ​ရောဂါပိုး​ စစ်​ဆေး​တွေ့ရှိတာ ဖြစ်ပါတယ်။ ​တောင်ဥက္ကလာပမှာ ပိုး​တွေ့လူနာ ၁၂ ​ယောက်ထဲမှာ အိုမီဂါအလှပြင်ဆိုင်က ၉ ယောက်၊ ဘားဆိုင်မှာ အလုပ်လုပ်တဲ့ ၁၁ ရပ်ကွက်က ၂​ ယောက်နဲ့ ၁၄/၁ ရပ်ကွက် စီမံကိန်း (၁) က ၁ ယောက်​ ပိုး​တွေ့ခဲ့တာဖြစ်ပါတယ်။ ကျန်းမာ​ရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီ​နေ့မနက်ပိုး​တွေ့လူနာ ၄၅ ​ယောက်က​တော့ ရန်ကုန်တိုင်းက ၃၈ ​ယောက်နဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၅ ​ယောက်၊ ရှမ်းပြည်နယ်က ၁ ​ယောက်နဲ့ ပဲခူးတိုင်းက ၁ ​ယောက် ပါဝင်ပါတယ်။ ရန်ကုန် ၃၈​ ယောက်ထဲမှာ တောင်ဥက္ကလာပက ပိုး​တွေ့လူနာ ၁၂ ​ယောက်နဲ့ ကူးစက်ခံ မြို့နယ်​တွေထဲ အများဆုံး​တွေ့ထားတာပါ။ မြန်မာနိုင်ငံမှာ စက်တင်ဘာ ၅ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၂၁၆ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၉၈  ဦးရှိပါတယ်။
2 years Ago
Up