close

လူနာ ၂ ဦး ထပ်မံသေဆုံး

close

July 11, 2021

ဟုမ္မလင်းတွင် ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၉ ဦးရှိလာ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ လူန ၂ ဦး ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးတယ်လို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်

“မနေ့ညနေပိုင်းမှာ ကိုဗစ်ပိုးတွေ့ ၁၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်။ အခုဆို ဟုမ္မလင်းမြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၅၅၆ ဦးရှိတယ်။ အခုစာရင်းတွေက ဇူလိုင် ၁၀ ရက်နေ့ညနေပိုင်း စာရင်းတွေဖြစ်တယ်။”

ဟုမ္မလင်းမြို့မှာ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်ကူးစက်သူ ၅၅၆ ဦးအနက်

ရောဂါသက်သာလို့ ဆေးရုံဆင်းလူနာ ၂၂၃ ဦးနဲ့ သေဆုံးသူ ၉ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

5 mins Ago
Up