close

လူနာ ၄ ဦးသေဆုံး

close

July 9, 2021

အုတ်ဖိုမြို့တွင် တရက်တည်း ကိုဗစ်-၁၉ လူနာ ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ ဒီနေ့တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၄ ဉီးသေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်ဟာ ကိုဗစ်တတိယလှိုင်းမှာ ရောဂါပိုးကူးစက်ခံရသူပေါင်း ၂၄၁ ဦး ထိရှိပြီဖြစ်ကြောင်းနဲ့ သာယာဝတီခရိုင်တွင်း တတိယအများဆုံး ကူးစက်ခံရတဲ့မြို့နယ်ဖြစ်ပါတယ်။

သေဆုံးနှုန်းမှာတော့ ဒုတိယကူးစက်ခံရမှု အများဆုံးဖြစ်တဲ့ မင်းလှမြို့နယ်ထက် ပိုမြင့်နေပါတယ်။

လက်ပံတန်းနဲ့ မင်းလှမြို့နယ်‌တို့ကို Stay At Home အဖြစ် စစ်ကောင်စီက ကြေညာထားတာလည်းဖြစ်ပါတယ်။

အုတ်ဖိုမြို့နယ်မှာ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိလှိုင်းတွေအတွင်း ဒီကနေ့ လူနာသေဆုံးမှုဟာ ပထမဆုံးဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူလည်း မနက်ကအထိ ၄ ဦးရှိကြောင်း သိရပါတယ်။

2 mins Ago
Up