close

လူနာ ၆ ဦး

close

July 2, 2021

တောင်တွင်းကြီး၌ ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ လူနာ ၆ ဦး ထပ်တွေ့

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဇူလိုင် ၂ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အဲဒီအတည်ပြုလူနာတွေကတော့  မောင်းတိုင် ၂ ရပ်ကွက်က ၃ ဦးနဲ့ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာက ၃ ဦးတို့ ဖြစ်ပါတယ်။ ကသာကျေးရွာက ၃ ဦးထဲမှာ ၂ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ ကိုဗစ် - ၁၉ တတိယလှိုင်းမှာ ဇွန်လ ၂၂ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ အတည်ပြုလူနာ ၄၈ ဦးရှိပြီလို့ သိရပါတယ်။

12 hours Ago

May 7, 2020

တောင်ဥက္ကလာပဆေးရုံက COVID-19 လူနာ ၆ ဦး  Negative ၂ ကြိမ်ပြသဖြင့် ဆေးရုံကဆင်း

COVID-19 ပိုးတွေ့လူနာတွေကို လက်ခံကုသပေးနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီးက လူနာ ၆ ယောက်ဟာ  Negative ၂ ခါပြလို့ ဆေးရုံကဆင်းသွားပြီဖြစ်ပြီး သူတို့ကို Quarantine ၂ ပတ်ဆက်ထားဖို့ ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးကို ပို့ဆောင်လိုက်ပြီလို့ တောင်ဥက္ကလာပဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ တောင်ဥက္ကလာပဆေးရုံကြီးမှာ လက်ရှိ ပိုးတွေ့လူနာ  ၅၃ ယောက်ကို လက်ခံ ကုသပေးနေရာက ၆ ယောက်ဟာ ဆေးရုံကဆင်းသွားတာကြောင့် လူနာ ၄၈ ယောက်ကို ဆက်လက်ကုသပေးနေပါတယ်။ အဲဒီ ၄၈ ယောက်ထဲက တယောက်ကတော့ Negative ပြနေပေမယ့် ကင်ဆာရောဂါအခံကြောင့် စိုးရိမ်စရာအခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။  တောင်ဥက္ကလာဆေးရုံကြီးအနေနဲ့ စုစုပေါင်း လူနာ ၆၈ ယောက်ကို လက်ခံကုသပေးနိုင်တယ်လို့ သိရပါတယ်။ 
1 year Ago
Up