close

လူနေအိမ်များဖျက်ဆီး

close

June 10, 2021

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လူနေအိမ်များကို ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာကျေးရွာမှာ ဇွန်လ ၉ ရက်နေ့က အကြမ်းဖက်စစ်တပ်က  လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားပါတယ်။

“ကျနော်တို့ရွာကို စစ်သားတွေ  နေ့လယ် ၁ နာရီလောက်က ပြည်သူ့ကာကွယ်ကွယ်ရေးတပ်  PDF တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုလို့ ရောက်လာတယ်။ ရွာထဲမှာရှိတဲ့အိမ်တွေ ဝင်ရောက်ရှာဖွေတယ်။ သတင်းပေးလို့ဆိုပြီး ရဲနဲ့ စစ်သားတွေ လူအင်အားအများအပြားရောက်လာပြီး ကျေးရွာအတွင်းမှာ ရှိတဲ့ လူ နေအိမ်တွေရှာတယ်။ ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးသွားတယ်”လို့  ရွာသားတစ်ဦးက ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးသွားတာတော့ မရှိဘဲ  ရွာသားတချို့ကတော့  ရွာကနေ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

8 mins Ago
Up