close

လူပုဂ္ဂိုလ်

close

September 24, 2021

ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ၌ လူပုဂ္ဂိုလ်များ နေခွင့်မပြုရန် စစ်ကောင်စီ သတိပေး

ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ လူပုဂ္ဂိုလ်တွေ အမြဲတမ်း မနေထိုင်ဖို့နဲ့  ယာယီ နေထိုင်သူတွေရှိပါက ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီက ညွန်ကြားထားတယ်လို့ သိရပါတယ်။

 CRPH၊ NUG၊ PDF အဖွဲ့တွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုအောင်းလှုပ်ရှားတာတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီခန့်သာသနာရေးဝန်ကြီးဦးကိုကိုက စက်တင်ဘာ ၂၁ ရက် ရက်စွဲပါစာနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။ 

စက်တင်ဘာ ၁၂ ရက်က ဧရာဝတီတိုင်းထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ လက်လုပ်ဖောက်ခွဲ ရေးပစ္စည်းတချို့ဖမ်းမိတာ၊ စက်တင်ဘာ ၁၄ ရက်က မိတ္ထီလာမြို့က  ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း ငွေစက္ကူအတု လုပ်တဲ့ကွန်ပြူတာ ဆက်စပ်ပစ္စည်းတွေနဲ့ ငွေစက္ကူအတုတွေ ဖမ်းမိခဲ့တယ်လို့  အခုထုတ်ပြန်တဲ့စာမှာ ရည်ညွှန်းဖော်ပြထားပါတယ်။ 

အဲဒီအသိပေးစာကို ဒီရက်ပိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းတွေဆီ ထပ်ဆင့်ဖြန့်ဝေ ရောက်ရှိလာတယ်လို့ ကျောင်းထိုင်ဆရာတော်တချို့က ဆိုပါတယ်။

ပထမတခါ နှုတ်နဲ့ အကြောင်းကြားပြီး ခုစာပါရောက်လာကြောင်း အဓိက လူစိမ်း လက်မခံဖို့ ဖြစ်ကြောင်း လိူင်သာယာမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တပါးက မိန့်ပါတယ်။

1 min Ago

May 29, 2020

အိန္ဒိယတွင်ပိတ်မိနေသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၆၇ ဦး ထပ်မံရောက်ရှိ

အိန္ဒိယနိုင်ငံမှ သံဃာတော်တွေ၊ သာသနာနွယ်ဝင် သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေအပါအဝင်  စုစုပေါင်း ၆၇ ဦး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ ၂၈ ရက်က ပြန်လည်ရောက်ရှိ လာတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်တွေ့နေတဲ့  အိန္ဒိယနိုင်ငံရောက် သံဃာတော် ၅၈ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၈ ပါးနဲ့ လူပုဂ္ဂိုလ် ၁ ဦး၊ စုစုပေါင်း ၆၇ ဦးတို့ကို သီတဂူဆရာတော်ဘုရားကြီး စီစဉ်တဲ့ လေယာဉ် တစ်စင်းနဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့ ရဟန်းရှင်လူတွေကို သီတဂူ ဝိပဿနာတက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ ဗုဒ္ဓဆေးရုံတို့မှာ Quarantine၂၁ ရက်ထားရှိ မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း အိန္ဒိယနိုင်ငံမှာ ပိတ်မိနေတဲ့ စာသင်သား သံဃာ ၊ သီလရှင် စုစုပေါင်း ၂၀၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၄၀ ကျော်ကို သီတဂူဆရာတော်စီစဉ်တဲ့  စီးလုံးငှားလေယာဉ်နှစ်စီးနဲ့  ပြန်လည်ခေါ်ယူပြီး ဒီအထဲက  လူပုဂ္ဂိုလ် တစ်ဦးမှာပဲ ရောဂါးပိုး တွေ့ရှိခဲ့ပါတယ်။  ဓာတ်ပုံ- CINCDS
1 year Ago
Up