close

လူပေါင်းသောင်းချီ

close

July 12, 2021

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ မိုးကြီးရေလွှမ်းပြီး လူပေါင်းသောင်းချီ ရေးဘေးဒုက္ခကြုံ

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မိုးကြီးပြီး ရေလွှမ်းမိုးခဲ့လို့ လူအယောက် ၂၁၀၀၀ ကျော်ကို သူတို့အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပေးထားရတယ်လို့ အစိုးရ မီဒီယာက ဇူလိုင် ၁၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပါးကျုံးမြို့မှာ ဇူလိုင် ၉ ရက်နဲ့ ၁၀  ရက်နေ့တွေက ဒေသခံတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ဘေးကင်းရာ ရွှေ့ပေးခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို မနေ့ကအထိကဆက်လုပ်နေ ပါတယ်။

မိုးကြီးလို့ စီချွမ်ပြည်နယ်တလွှား  မြစ်တွေမှာ မြစ်ရေကြီးနေပြီး ရှန်းထန်မြို့မှာ ၁၀ နှစ်လောက်အတွင်း အမြင့်ဆုံးထိ ရေမျက်နှာပြင် မြင့်တက်ခဲ့ပါတယ်။

စိုက်ပျိုးမြေ ဧက ၁၁၀၀၀ ကျော်  ရေမြုပ်ခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော် ရေကြီးလို့ ပျက်စီးခဲ့ကာ မိုးကြောင့်မြေပြိုလို့ လမ်းတွေလည်း  ပိတ်ဆို့ကုန်တယ်လို့ ရှင်းဟွာသတင်းဌာနမှာ ရေးသား ဖော်ပြပါတယ်။ 

5 mins Ago

July 27, 2020

ဗီယက်နမ်တွင်  လူ ၃ ဦး ကိုဗစ်-၁၉  ကူးစက်ခံရပြီးနောက် လူပေါင်းသောင်းချီ ရွှေ့ပြောင်း 

ဗီယက်နမ်နိုင်ငံတွင်း ပြည်တွင်းခရီးသွားတွေကြား လူကြိုက်များတဲ့ ဒါနန်းမြို့မှာ သီတင်းပတ်ကုန်ရက်က ဒေသခံ ၃ ဦး ကိုဗစ်-၁၉  ကူးစက်ခံရအပြီး လူအယောက် ၈၀၀၀၀ လောက်ကို  ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ဧပြီလက စပြီး ဇူလိုင် ၂၅ရက်အထိ ပထမဆုံး ကူးစက်မှုကို အစိုးရက အတည်ပြုအပြီး ဇူလိုင်၂၆ ရက်က နောက်ထပ် ၃  ဦးကူးစက်ခံအပြီးမှာ ကျန်းမာရေး တပ်လှန့် ခဲ့တာပါ။ ရောဂါကူးစက်ခံ အားလုံးဟာ ဒါနန်းမြို့ထဲနဲ့ မြို့ဝန်းကျင်ကဖြစ်လို့ မြို့ထဲက လူ ၈၀၀၀၀ လောက်ကို ဒါနန်းမြို့ကနေ တခြားမြို့ ၁၁မြို့ဆီ နေ့စဉ် လေကြောင်းခရီးစဉ် ၁၀၀ နဲ့ ပြည်တွင်း လေးကြောင်းလိုင်းကို သုံးပြီး  လေးရက်ကြာ ရွှေ့ပြောင်း မယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန် ပြောပါတယ်။ ဗီယက်နမ်ဟာ ကိုဗစ်-၁၉ ကူးစက်မှုအတွင်း ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခဲ့သလို တင်းကြပ်တဲ့ ရောဂါခြေချုပ် လုပ်ဆောင်ချက်တွေ ချမှတ်ခဲ့လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ အယောက် ၄၂၀ သာ ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။ ဒါနန်းမြို့ကနေ ပြန်လာတဲ့ ဗီယက်နမ်ရဲ့ တခြားဒေသတွေက လူတွေဟာ အိမ်မှာ ၁၄ရက် ရောဂါခြေချုပ်နဲ့ နေကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောထားပါတယ်။ နိုင်ငံတွင်း တရားမဝင် ပြန်ဝင်လာသူတွေကို နှိမ်နင်းဖို့ ဝန်ကြီးချုပ်က ရဲတွေကို အမိန့်ပေး ထားပါတယ်။ တရုတ်ကနေ ဗီယက်နမ်နိုင်ငံထဲကို တရားမဝင် လာမယ့် လူတွေကို ကူညီနေတဲ့ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် တယောက် ဖြစ်တဲ့ အသက် ၄၂နှစ်အရွယ် တရုတ်အမျိုးသားကို ဒါနန်းမြို့ ရဲတပ်ဖွဲ့ က ဖမ်းထားပြီလို့ အစိုးရ မီဒီယာက ဇူလိုင် ၂၆ရက်မှ ထုတ်လွှင့်ပါတယ်။ တရုတ်နယ်စပ် ဗီယက်နမ် ခရိုင်ဟာဇမ်းက အာဏာပိုင်တွေဟာ မေလတည်းက ခုထိ ဒီခရိုင်ထဲကို တရားမဝင် ဝင်လာတဲ့ လူ အယောက် ၁၅၀၀ကျော်ကို ဖမ်းခဲ့ပြီးပြီလို့ အစိုးရက ဇူလိုင် ၂၇မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဖမ်းမိသူ အများစုက ဗီယက်နမ် နိုင်ငံသားတွေ ဖြစ်ပြီး သူတို့ကို ရောဂါ ခြေချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။. 
12 months Ago
Up