close

လူမှုကူညီရေးရုံး

close

February 26, 2022

ရွှေပြည်သာ လူမှုကူညီရေးရုံး ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက်၊ အောင်စေတနာလမ်းရှိ လူမှုကူညီရေးရုံးမှာ ဖေဖော်ဝါရီ ၂၆ ရက်  မနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့  ရပ်ကွက်တွင်းနေထိုင်သူက ပြောပါတယ်။

“မနက် ၉ နာရီလောက်က လူမှုကူညီရေးရုံးထဲမှာ ဗုံးပေါက်တာ၊ အိမ်နဲ့ နီးတယ်၊ အသံကလည်း ကျယ်တယ်၊ ပေါက်ကွဲအားက အနီးနားနေအိမ်တွေတောင် တုန်ခါ သွားတယ်”လို့ ပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့  အတည်မပြုနိုင်သေးပါဘူး။ 

မြင်တွေ့သူ တစ်ဦးက “ဗုံးပေါက်ထားလို့  လမ်းပိတ် စစ်ဆေးနေတာ၊ လမ်းမပေါ်ကကားတွေ သွားမရဘူး ၊ရပ်ကွက်လမ်းကြားလေးတွေက သွားလာနေရတာ၊ လူနာတင်ကားလည်း မြင်တယ်၊ ဒဏ်ရာရတဲ့ လူတော့ ရှိတယ်ထင်တယ်”လို့  ပြောပါတယ်။

အဆိုပါ လူမှုကူညီရေးရုံးမှာ  မကြာခဏ ဗုံးတွေ့တာ ရှိခဲ့ပေမဲ့ သက်မဲ့လုပ်နိုင်ခဲ့လို့ ပေါက်ကွဲတာ မရှိပေမဲ့ ဒီတစ်ကြိမ်ပဲ ပေါက်ကွဲမှုဖြစ်တာလို့ သိရပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် မသိရသေးသလို ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

အလားတူ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက အရှေ့ဒဂုံ၊ မြောက်ဒဂုံ ၊တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ၊မရမ်းကုန်းမြို့နယ်၊ ဒေါပုံမြို့နယ် ၊လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

1 min Ago
Up