close

လူမှုဖူလုံရေးစင်တာ

close

November 18, 2021

ကိုရီးယားကပေးသည့် အလုပ်သမားအခွင့်အရေးဆု မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာရရှိ

တောင်ကိုရီးယားနိုင်ငံ  rSm ကပေးအပ်တဲ့ အလုပ်သမားအခွင့်အရေးဆု "မီနူးဆု" ကို မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာက ရရှိသွားပါတယ်။

အဲဒီဆုပေးအပ်ပွဲကို ဆိုးလ်မြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့တယ်လို့ ကိုယ်စားလှယ်ရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။ 

မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ (ကိုရီးယား)အနေနဲ့ ဆုတံဆိပ်နဲ့ အတူဆုငွေ ကိုရီးယား ဝမ်သိန်း ၃၀ချီးမြှင့်ခံရတာပါ။

မီနူးဆုကို တောင်ကိုရီးယားနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ်လုပ်ကိုင်ခဲ့ပြီး ရွှေ့ပြောင်းလုပ်သားအရေး စွမ်းစွမ်းတမံလုပ်ခဲ့တဲ့ ကွယ်လွန်သူနီပေါနိုင်ငံသား  မီနို့မို့ထန်းကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဥ်ပေးအပ်နေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် မီနူးဆုကို မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာကို ရွေးချယ်ချီးမြှင့်ခံရလို့ ဂုဏ်ယူကြောင်း မြန်မာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူ့အခွင့်အရေးတိုးတက်ကောင်းမွန်အောင် အဘက်ဘက်ကြိုးစားပေးတဲ့ ကိုရီးယားနိုင်ငံသားတွေကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေး ဝိုင်းဝန်းကူညီထောက်ခံအားပေးဖို့လည်း အဲဒီဆုပေးပွဲမှာ ဦးရန်နိုင်ထွန်းက  တိုက်တွန်းသွားပါတယ်။

1 min Ago
Up