close

လူမှုရေးအသင်းအဖွဲ့

close

September 6, 2022

မြင်းမူမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ စစ်ကောင်စီနှင့် မပတ်သက်ရန် သတိပေး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေးအသင်းတွေ၊ NGO အသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့နဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့  စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သတိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေ အထိနာနေပြီး စစ်ပမ်းနေကာ တော်လှန်ရေးတပ်သားတွေနဲ့ PDF အင်အားစုတွေကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဖြိုခွင်းဖို့ အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ လူသားဒိုင်းပြုလုပ်တာ ဘာသာသာသနာကို ခုတုံးလုပ်အကာအကွယ်ယူတိုက်ခိုက်တဲ့ ဗျူဟာဖော်ဆောင်နေတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဆိုပါတယ်။

မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့နဲ့ NGOအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က အကူညီတောင်းခံလာရင် အကူညီပေးတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေ လုံးဝ မပြုလုပ်ကြဖို့နဲံ ပြည်သူ့သဘောထားကို ဆန့်ကျင်ပြီး ပူးပေါင်းတဲ့ဘယ်အဖွဲ့ကိုမဆို တိုက်ခိုက် ရှင်းထုတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။

7 mins Ago

September 8, 2020

ကွာရန်တင်းစင်တာဝင်ရောက်နေသူများကို ကူညီပေးရန် ဖိတ်ခေါ်  

ကွာရန်တင်းစင်တာဝင်ရောက်နေသူတွေကို ရန်ကုန်က လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာ့ ဝန်ထမ်းတွေ အနေနဲ့ကူညီဖို့ အစိုးရက ဖိတ်ခေါ်လိုက်ပြီး နေပြည်တော်ကိုလည်း တရားမဝင် ခိုးဝင်တာတွေ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။ ရန်ကုန်မှာ လက်ရှိကွာရန်တင်းဝင်နေသူဦးရေ ၆၀၀၀ လောက်ရှိပြီး ရခိုင်ပြည်နယ်က ပြန်လာသူ ၁၀၀၀ အတွက် ၂ ရက်အတွင်း နေရာထိုင်ခင်းဖန်တီးပေးထားခဲ့ပြီး အခုထပ်တိုးလာတဲ့ လူဦးရေ ၁၀၀၀ လောက်အတွက်လည်း ကွာရန်တင်းစင်တာအသစ် ၇ ခု ထပ်ဖွင့်ထားတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေ ကွာရန်တင်း စင်တာတွေနဲ့ ပတ်သက်ပြီး မနေ့က အွန်လိုင်းကနေ ဆွေးနွေးတဲ့အချက်တွေကို အစိုးရပိုင်သတင်းစာတွေက ဖော်ပြ လိုက်တာပါ။ ကွာရန်တင်းစင်တာ ဝင်ရောက်နေသူတွေများလာတာကြောင့် ရန်ကုန်က လူမှုရေး အသင်းအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေ အနေနဲ့ကူညီဖို့ လာရောက်ဆက်သွယ်ကြစေလိုတယ်လို့ ဆိုပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ တချို့လမ်းဟောင်းနေရာတွေမှာ ကားပေါ်ကဆင်းပြီး ကျေးရွာချင်းဆက် လမ်းတွေကတဆင့် နေပြည်တော်ကို ဝင်ရောက်နေတာကို သိရလို့ ရဲတပ်ဖွဲ့နဲ့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေတာကြောင့် တရားဝင်လမ်းကြောင်းက အသိပေးဝင်ဖို့၊ စစ်ဆေးခံ ကြဖို့နဲ့ ကိုဗစ်ရောဂါ စစ်ဆေးခကိုလည်း အများကြီးလျှော့ချပေးထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့သူ မြို့သားတွေအနေနဲ့လည်း ရောဂါရှိသူနဲ့ ထိတွေ့ဆက်စပ်သူတွေကို ရှာဖွေတဲ့ အခါ မစိုးရိမ်မထိတ်လန့်ဘဲ ကွာရန်တင်းစင်တာတွေကို မြန်မြန် ပို့ပေးဖို့တိုက်တွန်းထားပါတယ်။ ကွာရန်တင်းစင်တာရောက်သွားသူတွေကို အစားအသောက်ပို့တဲ့အခါမှာလည်း အရက်နဲ့ ဆေးလိပ်တို့ကို မပို့ဖို့ မေတ္တာရပ်ခံထားပါတယ်။
2 years Ago
Up