close

လူရွေးချယ်ရေးပေါ်လစီ

close

November 5, 2021

အင်္ဂလန်နည်းပြဆောက်ဂိတ်၏ လူရွေးချယ်ရေးပေါ်လစီအပေါ် အီရန်ရိုက် ဝေဖန်

အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်ရဲ့ လူရွေးချယ်ရေးပေါ်လစီအပေါ် အင်္ဂလန်နဲ့ အာဆင်နယ်  ကစားသမားဟောင်း အီရန်ရိုက်က ဝေဖန်လိုက်ပါတယ်။ 

နည်းပြဆောက်ဂိတ်ဟာ အယ်ဘေးနီးယား၊ ဆန်မာရီနိုအသင်းတွေနဲ့ ကစားရမယ့် အင်္ဂလန်အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ခြေစွမ်းပြနေတဲ့ လူသစ်ကစားသမားတချို့ကို ချန်လှပ်ခဲ့ပြီး လူဟောင်း ကစားသမားအများစုကိုပဲ ပြန်ခေါ်ခဲ့တာပါ။ 

ဆောက်ဂိတ်ဟာ ကစားသမားတချို့ကို ပုံသေရွေးချယ်ထားပြီး ခြေစွမ်းပြနေတဲ့ ကစားသမားတချို့ကို လျစ်လျူရူခဲ့တယ်လို့ အီရန်ရိုက်က တွစ်တာကနေဝေဖန်ခဲ့တာပါ။ 

အေစီမီလန်နောက်ခံလူ တိုမောရီ၊ ဝက်စ်ဟမ်းက ခရစ်ဝဲလ်နဲ့ ဘိုဝင်၊ အာဆင်နယ်က ဘမ်ဝိူက်နဲ့ ခရစ္စတယ်ပဲလေ့က ဂေါ်လဟာ တို့ကို ဘာကြောင့် ချန်လှပ်ခဲ့သလဲဆိုတာ နားမလည်နိုင်ကြောင်း အီရန်ရိုက်က ဝေဖန်ပါတယ်။ 

အင်္ဂလန် နည်းပြဆောက်ဂိတ်ဟာ ဆန်ချို၊ ဂရင်းဝုဒ်နဲ့ လင်ဂတ်တို့ကို ချန်လှပ်ခဲ့ပေမဲ့ ရက်ရှ်ဖို့ဒ်၊ စတာလင်၊ မက်ဂွိုင်းယား၊ တိုင်ရုန်မင်စ်နဲ့ ဝက်စ်ပရောက်တို့လို ခြေစွမ်းမပြနိုင်ခဲ့တဲ့သူတွေကို ဆက်ပြီးရွေးချယ်ခဲ့တဲ့ အပေါ်မှာလည်း အီရန်ရိုက်က ဝေဖန်သွားခဲ့ပါတယ်။ 

5 mins Ago

November 2, 2019

လူရွေးချယ်ရေးပေါ်လစီ မရှိဟု ရီးရဲလ်နည်းပြ ပြော

လူရွေးချယ်ရေး ပေါ်လစီ မရှိဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ ဇီဒန်းက ရီးရဲလ်သင်းမှာ အစီအစဉ် အေ၊ ဘီ၊ စီဆိုတာမရှိဘဲ ကစားသမား တယောက်ချင်းစီတိုင်းကို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ဇီဒန်းဟာ လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကို တကျော့ပြန် ကိုင်တွယ်ချိန်မှာ ရလဒ်ပိုင်းကောင်းမွန်ဖို့ ရုန်းကန်နေရတဲ့အပြင် ဖိအားတချို့နဲ့ လည်း ရင်ဆိုင်နေရပါတယ်။  အခုရာသီမှာ ခေါ်ယူခဲ့တဲ့ ဟာဇက်ဟာ အသင်းအတွက် သွင်းဂိုး ၁ ဂိုးသာ သွင်းယူပေးခဲ့နိုင်ပေမယ့် မကြာခင် ‌အခုထက်ပိုပြီး အသင်းအတွက် အကျိုးရှိလာဖို့နဲ့ ဂိုးသွင်းတာထက် ‌ခြေစွမ်းပြတာကို မြင်လိုတယ်လို့ ဇီဒန်းက ပြောပါတယ်။  လာလီဂါမှာ ရာသီအစ ရုန်းကန်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ လက်ရှိမှာတော့ ထိပ်ဆုံးက ဘာစီလိုနာရဲ့နောက် ၁ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။
2 years Ago
Up