close

လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ

close

August 2, 2021

လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန်

နိုင်ငံကျော်လူရွှင်တော်နဲ့ သရုပ်ဆောင် ဦးမေတ္တာဟာ ဩဂုတ် ၂  ရက်၊ နေ့လယ် ၁၂ နာရီမှာ ကွယ်လွန်သွားပါတယ်။ 

သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း သားဖြစ်သူ  မေတ္တာမြင့်မြတ်ဟိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

 အရွယ် ဦးမေတ္တာဟာ အဆုတ်နဲ့ နှလုံးရောဂါအခံရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းက ခွဲစိတ်ကုသမှု ခံယူထားခဲ့ရ သူဖြစ်ကာဖြစ်ပါတယ်။ 

ဦးမေတ္တာကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က  ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းက ဦးခင်မောင်မြင့်ဖြစ်ကာ ဟာသသရုပ်ဆောင်အဖြစ် ရုပ်ရှင်နဲ့ ဗွီဒီယိုတွေများစွာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

1 min Ago
Up