close

လူသားချင်းစာနာမှု အကူအညီ

close

February 1, 2022

လူသားချင်းစာနာမှု အကူအညီ ဝင်ရောက်ခွင့်ပြုရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အရေးတကြီး လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရပ်စ်က   မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီကို အဆုံးသတ်ပြီး တိုင်းပြည်ကို ကမောက်ကမဖြစ်စေခဲ့တဲ့ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်တာကာလ အခြေအနေတွေကို မီးမောင်းထိုးပြရင်းနဲ့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာလို့  သူ့ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ် ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝန်းရှိ ပြည်သူအားလုံးရဲ့ အမျိုးမျိုး အကြိမ်ကြိမ် ထိခိုက်ဆုံးရှုံးခံစားရမှုတွေနဲ့ ဒေသဆိုင်ရာသက်ရောက်မှုတွေကို အရေးတကြီးတုံ့ပြန်ဖို့ လိုအပ်ကြောင်းနဲ့ မြေပြင်မှာ အမှန်တကယ် လိုအပ်နေသူတွေဆီ အကူအညီတွေဆက်လက်သွားရောက်နိုင်ရေးဟာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးပါတယ်လို့လည်း ကုလအကြီးအကဲက ဆိုပါတယ်။

Photo -UN

2 mins Ago
Up