close

လူဟန့်စ်

close

July 3, 2022

လူဟန့်စ်ရှိ ရေနံချက်စက်ရုံကို ထိန်းချုပ်နိုင်ပြီဟု ရုရှား ကြေညာ

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ဘက် လူဟန့်စ်ခ်ဒေသရှိ လီစီချန့်စ်ခ် ရေနံချက်စက်ရုံကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားက  ဇူလိုင် ၁ ရက်မှာ အခိုင်အမာပြောကြားခဲ့ပြီး ယူကရိန်းကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။ 

ရုရှား-ယူကရိန်းတိုက်ပွဲမှာ ၄ လကျော်ကြာ တိုက်ခိုက်နေကြတဲ့ နှစ်ဘက်တပ်ဖွဲ့တွေဟာ လူ့ဟန့်ခ်ဒေသ စစ်မျက်နှာမှာ ဗျူဟာမြောက် အရေးပါတဲ့ လီစီချန့်စ်ခ် မြို့တစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ 

ရုရှားကျောထောက်နောက်ခံပြု လူ့ဟန့်ခ်စ်ခ်ပြည်သူ့သမ္မတနိုင်ငံတပ်ဖွဲ့ (LPR) မှ တိုက်ခိုက်ရေးသမားတွေဟာ လီစီချန့်စ်ခ် ဆင်ခြေဖုံးကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ကတော့ ရုရှားဟာ ရေနံချက်စက်ရုံရဲ့ အစိတ်အပိုင်းတွေကိုသာ သိမ်းယူထားပြီး နှစ်ဘက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ လီစီချန့်စ်ခ်အပြင်ဘက်ရှိ ယူကရိန်းစစ်တပ်တွေကို ဝန်းရံဖို့ ကြိုးပမ်းနေပေမဲ့ အခုချိန်မှာ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ အစီအစဉ်မရှိသေးကြောင်း ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform က ဇူလိုင် ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်က အမေရိကန်ဒေါ်လာ သန်း ၈၂၀ တန် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအကူအညီ သစ်တစ်ရပ်ကို ဇူလိုင် ၁ ရက်က ကြေညာခဲ့ပါတယ်။ 

ခေတ်မီလေယာဉ်ဖျက်စနစ်နဲ့ ဝေဟင်ကာကွယ်ရေးစနစ်တွေအပြင် အဆင့်မြင့် ဒုံးကျည်စနစ်တွေ အတွက် နောက်ထပ် ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။ 

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်စစ် စကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ ပေးအပ်ခဲ့ပြီး ဘိုင်ဒင်အစိုးရ စတက်ကတည်းက စုစုပေါင်းဒေါ်လာ ၇ ဒသမ  ၆ ဘီလီယံ ပေးထားပါတယ်။

3 mins Ago
Up