close

လူးကပ်မိုရာ

close

December 6, 2021

နည်းပြကွန်တီက စပါးအသင်းအတွက် အောင်နိုင်ရေးစိတ်ဓာတ်တည်ဆောက်ပေးနေဟု လူးကပ်မိုရာ ပြော

စပါးအသင်း နည်းပြကွန်တီဟာ အသင်းသားတွေကို အောင်နိုင်ရေးစိတ်ဓာတ် တည်ဆောက်ပေးနေတယ်လို့ တိုက်စစ်ကစားသမား လူးကပ်မိုရာက ပြောပါတယ်။ 

စပါးအသင်းဟာ နည်းပြသစ်ကွန်တီလက်ထက်မှာ ရှုံးပွဲတပွဲသာ ကြုံဖူးသေးပြီး ၄ ပွဲနိုင် ၁ ပွဲ သရေကျခဲ့ပါတယ်။

တောင်ပံတိုက်စစ်မှူး လူးကပ်မိုရာကတော့ နည်းပြကွန်တီဟာ အောင်နိုင်ရေး စိတ်ဓာတ်ရိုက်သွင်းပေးနေပြီး ဒီခြေစွမ်းအတိုင်း ဆက်ထိန်းထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နည်းပြကွန်တီ ညွှန်ကြားတဲ့အတိုင်း ကွင်းထဲမှာ မခိုမကပ် ကြိုးစားခဲ့ကြလို့ ရလဒ်ကောင်းရတာ ဖြစ်တယ်လို့လည်း မိုရာက ပြောပါတယ်။ 

“ကျနော်တို့ ကစားပုံက ရှင်းပါတယ်။ နိုင်လိုစိတ်အပြည့်နဲ့ ပြင်းပြင်းပြပြကစားဖို့ ဖြစ်ပြီး အကောင်းဆုံးခြေစွမ်းရရှိနေပါပြီ” လို့ မိုရာက ပြောပါတယ်။

စပါးအသင်းဟာ နောဝှစ်ချ်ကို ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး  မိုရာ၊ ဆန်းချက်ဇ်နဲ့ ဆွန်ဟောင်မင်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

2 mins Ago
Up