close

လူ​နေအိမ်အချို့

close

February 17, 2022

ယင်းမာပင်မြို့နယ်၌ စစ်​ကောင်စီတပ်က မိုင်းဆွဲခံရပြီးနောက် လူ​နေအိမ်အချို့ကိုမီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ် ကားလမ်း​ဘေးအနီးမှာ ​ဖေ​ဖော်ဝါရီ ၁၇ ရက် ​နေ့လယ်  ၂ နာရီ​လောက်က စစ်​ကောင်စီတပ်ဖွဲ့  မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့  သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဟာ မုံရွာ-ပုသိမ် ကားလမ်းအနီး လုံခြုံ​ရေးရဲတပ်ဖွဲ့ အမှတ်( ၂၈) နဲ့ ​မြောက်ယမားကြား တစ်​နေရာမှာဖြစ်တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ​ကားလမ်း​ဘေးအနီးမှာရှိတဲ့ ပြည်သူ  ၂ ဦးရဲ့ ​နေအိမ်​တွေကို စစ်​ကောင်စီတပ်ဖွဲ့​တွေက မီးရှို့သွားသလို အနီးနားက​ ကျေးရွာ​နေပြည်သူတွေလည်း ​ကြောက်လန့်တကြီး ထွက်​ပြေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို Regional Friend Fighters အဖွဲ့က လုပ်​ဆောင်ခဲ့တာလို့ ထုတ်ပြန်​ကြေညာထားပြီး စစ်​ကောင်စီတပ်သားများ ထိခိုက်​သေဆုံးမှု​တွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

2 mins Ago
Up