close

လူ ၁ သန်း

close

February 19, 2022

ဟောင်ကောင်တွင် လူ ၁ သန်းကို ကိုဗစ်ရောဂါစစ်မည်

ကမ္ဘာ့ဘဏ္ဍာရေးနဲ့ငွေကြေးလုပ်ငန်း အချက်အချာနေရာဖြစ်တဲ့ ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာနေတာကြောင့် မတ်လကစပြီး တနေ့ကို လူ ၁ သန်းအထိ အစုလိုက်အပြုံလိုက် ရောဂါစစ်ဆေးမယ့် အစီအစဉ်သစ်ကို အုပ်ချုပ်ရေမှူး ကယ်ရီလမ်းက ကြေညာခဲ့ပါတယ်။

ရောဂါစစ်ဖို့ ပျက်ကွယ်သူကို ဟောင်ကောင်ဒေါ်လာ  ၁ သောင်း (အမေရိကန်ဒေါ်လာ ၁၂၈၂) ဒဏ်တပ်မှု ပါဝင်ပါတယ်။ အဆိုပါကြေညာချက်အပေါ်  အမြင်မကြည် သဘောမကျသူတွေ အများအပြား ရှိနေတာပါ။ 

ဒေသခံတချို့က တချိန်တည်း လူအပြုံလိုက်စစ်မယ်ဆိုတာ ဘာမှအသုံးမဝင်ဘူး၊ လူတွေ ပိုပြီးကူးစက်ကုန်မယ်၊ သက်ကြီးသူတွေ တန်းစီစောင့်ရတာ ကျန်းမာရေးပြဿနာရှိတယ် စသဖြင့် ဝေဖန်နေကြတာပါ။ 

ဟောင်ကောင်မှာ ကွာရာတင်းအတွက် ဟိုတယ်အခန်း ၂ သောင်းကျော် ထားရှိပေမဲ့ သောကြာနေ့စာရင်းအရ အခန်းအားလုံးက ပြည့်နေတာပါ။ 

ဆေးရုံကုတင်တွေအားလုံး လူနာတွ ပြည့်လျှံနေပြီး သက်ကြီးရွယ်အိုအချို့က ဆေးရုံအပြင်ဘက် ခုတင်တွေပေါ်မှာ မိုးတစိမ့်စိမ့် ချမ်းအေးတဲ့ရာသီဥတုအောက် ဆေးကုသမှုခံယူနေရပါတယ်။

3 mins Ago

July 19, 2020

အိန္ဒိယတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရ

မုတ်သုန်မိုးကြောင့် အကြီးအကျယ် ရေလွှမ်းမိုးတဲ့ဒဏ်ခံနေရတာကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အာသံပြည်နယ်က ဒေသခံတချို့ကတော့ ရေကြီးနေတဲ့ ရပ်ကွက်တွေကနေ သူတို့ ပိုင်ဆိုင်မှုတွေကို ဖောင်နဲ့တင်ပြီး ရွှေ့ပြောင်းနေတာပါ။ အိမ်တွေရေမြုပ်တာကြောင့် လမ်းဘေးမှာ တဲထိုးနေရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဟိမဝန္တာတောင်မှာ မြစ်ဖျားခံတဲ့ ဗြဟ္မပုတ္တရ မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းစီးဆင်းပြီး မြစ်ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ ပြည်နယ်အတွင်း ရွာအမြောက်အမြား ရေလွှမ်းမိုးခံနေရပါတယ်။ လက်ဖက်စိုက်ပျိုးရေးနဲ့ နာမည်ကြီးတဲ့ အာသံပြည်နယ်ဟာ နှစ်စဉ် ရာသီအလိုက် မြစ်ရေလျှံနေလို့ ရေဘေးထိန်းချုပ်ရေးအတွက် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရတွေဟာ ရူပီးငွေ သန်းချီ သုံးနေရပါတယ်။  
2 years Ago
Up