အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟင်မာချယ်ပရာဒတ်ရှ်ပြည်နယ်ထဲက ကူလူမြို့နယ်ထဲမှာ ဇူလိုင် ၆ ရက်က မိုးရွာပြီး ရုတ်တရက် ရေကြီးမှုဖြစ်ပြီးနောက် လူ ၄ ယောက် ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ရွှံ့တွေ၊ အမှိုက်တွေကြားထဲမှာ ရှာဖွေနေကြပါတယ်။
မွမ်ဘိုင်းမြို့မှာလည်း မိုးသည်းထန်ပြီးနောက် ရေလျှံနေတဲ့ လမ်းမတွေပေါ်မှာ ယာဉ်တွေ သွားလာနေရတာကို တွေ့ရပါတယ်။