close

လူ ၄ ဦး သေဆုံး

close

February 4, 2023

ချီလီတွင် တောမီးလောင်မှုကြောင့် လူ ၄ ဦး သေဆုံး

တောင်အမေရိကနိုင်ငံ အများအပြားကို လွှမ်းခြုံထားတဲ့ နွေရာသီအပူလှိုင်းကြောင့် ချီလီနိုင်ငံမှာ တောမီးလောင်မှုတွေ ဒါဇင်နဲ့ချီရှိနေပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီးတော့ မြေဟက်တာ ၁၄၀၀၀ လောက် မီးလောင်ကျွမ်းသွားတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မြို့တော် ဆန်တီယာဂိုရဲ့ တောင်ဘက် ကီလိုမီတာ ၅၀၀ အကွာလောက်က ဘီယိုဘီယို နယ်မြေရှိ ဆန်တာဟွာနာမြို့မှာ သေဆုံးမှုတွေ ရှိခဲ့တာပါ။ 

သူတို့တွေဟာ ကားမောင်းရင်း သေဆုံးသွားကြတာလို့ ပြည်ထဲရေးဝန်ကြီး ကာရိုလီနာ တိုဟာက ပြောပါတယ်။ 

အစိုးရဟာ မီးသတ်သမားတွေ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒဏ်ရာအပြင်းအထန် ရရှိမှုတွေ အပါအဝင် တခြားဖြစ်ရပ်တွေကို အကဲဖြတ်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

အစိုးရက လယ်ယာနဲ့ သစ်တောတွေရှိရာ ဘီယိုဘီယို နဲ့ အနီးနားရှိ နူဘလေ တို့မှာ ကပ်ဘေး ကျရောက်ကြောင်း အခြေအနေကို ကြေညာထားပြီး စစ်သားတွေကို တပ်ဖြန့်ချမှုနဲ့ မီးငြှိမ်းသတ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ပိုမိုညှိနှိုင်းဆောင်ရွက်ရေးတို့အတွက် ခွင့်ပြုပေးထား တယ်လို့ ဆိုပါတယ်။ 

နိုင်ငံတဝန်း မီးလောင်ကျွမ်းမှု ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ရာချီ ပျက်စီးခဲ့ကြောင်းနဲ့ နူဘလေ၊ ဘီယိုဘီယို နဲ့ လာ-အရောင်ကာနီယာ ဒေသတို့မှာ အရှိန်ပြင်းပြင်း တောမီးလောင်ကျွမ်း နေကြောင်း ဝန်ကြီး တိုဟာက ပြောပါတယ်။ 

သမ္မတ ဂယ်ဘရီယလ် ဘောရစ်ဟာ သူ့ရဲ့နွေရာသီအားလပ်ရက်ကို ဖြတ်ချလိုက်ပြီးတော့ လူဦးရေ ၂ သန်း နီးပါးရှိတဲ့ နူဘလေ နဲ့ ဘီယိုဘီယိုကို သွားရောက်ခဲ့ပါတယ်။

တချို့မိသားစုတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရကြောင်း ချီလီ သဘာဝဘေး အန္တရာယ် အေဂျင်စီ ဆီနာပရဒ် က ပြောပါတယ်။ 

မီးလောင်မှုကြောင့် မီးဘေးသင့်ဒေသတွေက အဝေးပြေးလမ်းမတွေမှာ အသွားအလာ ပြတ်တောက်ခဲ့ပြီး မြို့နဲ့ ရပ်ကွက် အတော်များများ နေရာပြောင်းရွှေ့ခဲ့ရပါတယ်။ 

ဖေဖော်ဝါရီ ၃ ရက် မိုးလေဝသခန့်မှန်းချက်အရ နူဘလေ ရဲ့ မြို့တော် ချီလန် မှာ အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်လွန်မယ်လို့ ခန့်မှန်းထားပါတယ်။ 

အဲဒီဒေသမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် တောမီးအခြေအနေ ပိုဆိုးလာနိုင်ကြောင်း အမျိုးသား သစ်တောကော်ပိုရေးရှင်းက သတိပေးထားပါတယ်။ 

15 mins Ago

January 7, 2021

အမေရိကန်လွှတ်တော် စီးနင်းမှု၌ လူ ၄ ဦး သေဆုံး

အမေရိကန်လွှတ်တော် စီးနင်းမှုမှာ လူ ၄ ယောက် သေဆုံးတယ်လို့  ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။  ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ယောက်သေဆုံးပြီး  နောက်အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား နှစ် ယောက်တို့ကလည်း ဆေးဘက်အကူအညီလိုအပ်လို့  သေဆုံးခဲ့ တာပါ။  အခုထိ လူ  ၅၂ ယောက်ထက်မနည်း ဖမ်းဆီးထားပြီး အဲဒီထဲက ၄၇ ယောက်ဟာ ညမထွက်ရအမိန့် ချိုးဖောက်လို့ ဖမ်းဆီးခံရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။  လွှတ်တော်အဆောက်အအုံ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ဒီစီမြို့တော်ဝန် ဘောင်ဆာနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ရောဘတ်ကွန်တီတို့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။  အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင် ၁၄  ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး  အဲဒီထဲက ရဲ နှစ်ယောက်ကို ဆေးရုံတင်ထားပါတယ်။  တစ်ယောက်ဟာ လူအုပ်ထဲ တရွတ်တိုက်ဆွဲခေါ်ခံရပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တာပါ။ တခြားတစ်ယောက်ကတော့ မျက်နှာကို လောက်လေး ထိမှန်ခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။
2 years Ago
Up