close

လူ ၅ ဦးသေဆုံး

close

August 14, 2021

လူ ၅ ဦးသေဆုံးခဲ့သည့်ပစ်ခတ်မှု ကြောက်စရာကောင်းသည့်ဖြစ်ရပ်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဗြိတိန်တောင်ပိုင်း ပလိုင်းမော့သ်မြို့မှာ အစုလိုက်သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုဟာ လုံးဝကို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါလို့ ဗြိတိသျှ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

ပလိုင်းမော့သ်က အဖြစ်အပျက်တွေမှာ ကြေကွဲစရာကောင်းလောက်အောင် အသက်ဆုံးရှုံးခဲ့သူတွေ အားလုံးရဲ့ မိသားစုတွေနဲ့ ထပ်တူခံစားရပါတယ်လို့လည်း ဆိုပါတယ်။

သြဂုတ် ၁၂ ရက် ညနေ ၆ နာရီလောက်က အသက် ၂၂ နှစ်အရွယ် ကရိန်းမောင်းသမား ဂျက်ကီဒဗစ်ဆင်ဟာဟာ အသက် ၃ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအ၀င် လူ ၅ ဦးကို ပစ်သတ်ခဲ့တာဖြစ်ပြီး ရဲတွေကတော့ အစွန်းရောက်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်မှုဝါဒနဲ့မဆိုင်ဘဲ အိမ်တွင်းအကြမ်းဖက်မှုလို့သာ ယူဆထားပါတယ်။

သေနတ်သမားဟာ အခင်းဖြစ်တဲ့နေအိမ်က သူနဲ့သိတဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပထမဆုံး သတ်ခဲ့ပြီးနောက် အပြင်ကို ပြေးထွက်ခဲ့ပြီး လမ်းပေါ်မှာ အသက် ၄၃ နှစ်အရွယ် အမျိုးသားနဲ့ အတူရှိနေတဲ့ ကလေးငယ်ကိုလည်း ချက်ချင်း ပစ်သတ်ခဲ့တာပါ။

ဒါ့အပြင် တခြားဖြတ်သွားဖြတ်လာ ၂ ဦးကို ပစ်ခတ်ခဲ့လို့ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။  နောက်တော့ ပန်းခြံတခုထဲကို ၀င်သွားပြီး နောက်ထပ်အမျိုးသားတယောက်နဲ့ တခြား အမျိုးသမီး တယောက်တို့ကို ပစ်သတ်ခဲ့ပါတယ်။

လက်နက်ကိုင် ရဲအရာရှိတွေ သူ့ကို မဖမ်းဆီးနိုင်ခင်မှာပဲ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်လိုက်ပြီးနောက်မှာ သေနတ်ပစ်ခတ်မှုလည်း ပြီးဆုံးသွားခဲ့ပါတယ်။

သေနတ်ပိုင်ဆိုင်မှု အတော်လေးနည်းတဲ့ ဗြိတိန်နိုင်ငံမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဆိုတာ ရှားရှားပါးပါး ဖြစ်ပြီး ဒီပစ်ခတ်မှုကတော့ ဆယ်စုနှစ် တခုကျော်အတွင်း အဆိုးဆုံး ဖြစ်ပါတယ်။ 

3 mins Ago

December 28, 2019

အိန္ဒိယ နိုင်ငံသားဥပဒေသစ်ကြောင့် ဖြစ်ပွားသည့် ပဋိပက္ခအတွင်း လူ ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံမှာ  အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့  မတည်ငြိမ်မှုအတွင်း ပြီးခဲ့တဲ့သီတင်းပတ်က ဥတာပရာဒေ့ရှ်ပြည်နယ်မှာ  မွတ်စလင် ၅ ယောက် သေဆုံးခဲ့ပါတယ်။     သူတို့ ၅ ယောက်စလုံးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။  ဒီဇင်ဘာ ၂၀ ရက်က  မီရက်မြို့ လစ်ဆာရီဂိတ်ဝန်းကျင်မှာ မွန်းလွဲ မွတ်စလင်ဝတ်ပြုချိန်နောက်ပိုင်း ပဋိပက္ခဖြစ်ခဲ့တာပါ။  သေဆုံးခဲ့သူတွေဟာ အဲဒီနေ့က ဝတ်ကျောင်းနဲ့ အလုပ်ကိုသွားခဲ့ပြီး သေနတ်ဒဏ်ရာနဲ့ အိမ်ပြန်လာတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောခဲ့ပါတယ်။      ဒါပေမဲ့  အဲဒီဖြစ်စဉ်အပေါ်  သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို တွေ့ဆုံမေးမြန်းခဲ့သူ အယောက် ၂၀ စလုံးကလည်း  ရဲတပ်ဖွဲ့ သေနတ်ပစ်ခတ်တာကို မတွေ့မြင်ခဲ့ဘူးလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။  ရဲတပ်ဖွဲ့ကတော့  သူတို့ဟာ နံပါတ်တုတ်နဲ့ မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ပြီး လူစုခွဲဖို့ သေနတ်ပစ်ဖောက်ခဲ့ပေမယ့် ဘယ်သူ့ကိုမှ  ပစ်မသတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။   ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့သူ  ၂၅ ယောက်အနက် ၁၉ ယောက်ဟာ ဥတာပရာဒေ့ရှ် ပြည်နယ်က ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up