အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ် နိုင်ငံတကာလေဆိပ်မှာ အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ထက်မနည်း သေဆုံးသွားတယ်လို့ နိုင်ငံတကာသတင်းမှာ ဖော်ပြပါတယ်။
ဒီထဲမှာ အမေရိကန်စစ်သား ၁၃ ယောက်လည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံ ပို့နေတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ အိုင်စစ် (ISIS) အကြမ်းဖက်အဖွဲ့က ဒါဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ကြေညာပါတယ်။
အမေရိကန် စစ်တပ်ကို အလုပ်အကျွေးပြုခဲ့တဲ့ ဘာသာပြန်တွေနဲ့ အလိုတူအလိုပါတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ခိုက်မှုလက်သည်တွေကို ရှာဖွေပြီး အပြစ်ပေးသွားမယ်လို့ ပြောပါတယ်။
ဒါဟာဆယ်စုတစ်ခုအတွင်း လူသေမှုအများဆုံးဖြစ်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး လာမယ့် ရက်ပိုင်းတွေမှာ အကြမ်းဖက်သမားတွေဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်တယ်လို့ အမေရိကန် စစ်ဘက် ခေါင်းဆောင်တွေက သတိပေးနေပါတယ်။
လာမယ့် အင်္ဂါနေ့မှာနောက်ဆုံးထားပြီး အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ အခုလို အကြမ်းဖက်အဖွဲ့က တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။