close

လေကြောင်းမှတိုက်ခိုက်

close

March 31, 2023

ခွာဖိုးကျေးရွာကို လေကြောင်းမှုတိုက်ခိုက်မှု လူမဆန်သည့်လုပ်ရပ်ဖြစ်ဟု ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ရှုတ်ချ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ခွာဖိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ရွာသားတွေကိုသတ်ဖြတ်ခဲ့တာဟာ သူတို့အနေနဲ့ တိုင်းရင်းသားလူမျိုးတွေအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်ဖို့ ဝန်မလေးသူတွေဖြစ်ကြောင်း ထပ်တလဲလဲ ဖော်ပြနေတာဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က မတ် ၃၀ ရက် မနက် ၉ နာရီခွဲဝန်းကျင်လောက်က ခွာဖိုးကျေးရွာထဲကို တိုက်လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး သူငယ် ၂ ယောက်အပါအဝင် အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး လူ ၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို အာဏာသိမ်းစစ်ကောင်စီရဲ့ ပြုကျင့်မှုူဟာ လူမဆန်တဲ့ လုပ်ရပ်သာဖြစ်တာကြောင့် ICNCC အနေနဲ့ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်းနဲ့ ချင်းတမျိုးသားလုံးအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီကို တခဲနက် ဆက်လက် ဆန့်ကျင်တော်လှန်သွားကြဖို့လည်း အလေးအနက်တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နေရာကို တိုက်ခိုက်တာထက် အရပ်သားပြည်သူတွေနေထိုင်ရာကို ပိုတိုက်ခိုက်ခဲ့တယ်လို့ စောင့်ကြည့်လေ့လာတဲ့ စစ်တမ်းတခုအရ သိရပါတယ်။

စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေ အင်အားချိနဲ့လာတာကို လေကြောင်းကနေ တိုက်ခိုက်တာ ပိုလုပ်လာတာက သက်သေပြနေတယ်လို့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်တခုက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လေ့လာကြည့်ရင် အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေ၊ စာသင်‌ကျောင်းနဲ့ စစ်ဘေးရှောင် စခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာကို အများဆုံးတွေ့ရပြီး တိုက်ခိုက်တဲ့ ရက်တွေထဲက ၉၈ ရက်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီ၊ ကယား၊ ချင်း၊ စစ်ကိုင်းစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းကသာမက လေကြောင်းကနေပါ တိုက် ခိုက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

 Photo - Salai Tial Hram Ling

6 mins Ago

October 22, 2021

အီသီယိုပီးယားမြောက်ပိုင်းတွင် အစိုးရက သူပုန်များကို လေကြောင်းမှတိုက်ခိုက်

အီသီယိုပီးယားနိုင်ငံမြောက်ပိုင်းက တီဂရေးပြည်နယ်ရဲ့ မြို့တော်မှာ အစိုးရက ဒေသခံသူပုန်တွေ အားနည်းသွားအောင် အောက်တိုဘာ ၂၀ ရက်က တတိယအကြိမ်  လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

မေကယ်မြို့လယ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း တီဂရေး ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး TPLFက ထိန်းချုပ်ထားတဲ့ တီဂရိုင်းရုပ်သံက ပြောပေမဲ့ သေဆုံး ဒဏ်ရာရမှု ဒါမှမဟုတ် ထိခိုက်ပျက်စီးမှုကိုတော့ အသေးစိတ်ကို မပြောခဲ့ပါဘူး။

အီသီယိုပီးယား အစိုးရကတော့ တီဂရေးသူပုန်တပ်တွေ လက်နက်ပြင်ဆင်တဲ့နေရာတွေ အဆောက်အဦတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

TPLF ဟာ ဒေသခံသာမန်လူတွေကို လူသားဒိုင်းအဖြစ် သုံးနေပြီး ဝတ်ပြုပူဇော်ရာ နေရာတွေမှာ လက်နက်ကြီးတွေ ခဲယမ်းမီးကျောက်တွေကို ဝှက်ထားတယ်လို့ အီသီယိုပီးယား အစိုးရ ပြောခွင့်ရက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတခုဟာ  TPLFကို ထောက်ပံ့နေတယ်လို့ အစိုးရက ယုံကြည်တဲ့ မက်စ်ဖှင် စက်မှုအင်ဂျင်နီယာရင်းပြည်သူ့ကော်ပိုရေးရှင်းပိုင်အကြီးစား စက်ရုံဝင်းကို ပစ်မှတ်ထားခဲ့တယ်လို့ မေကယ်လ်မြို့ခံ မျက်မြင်သက်သေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းရင်းမြစ်တို့က ပြောခဲ့ပါတယ်။

1 year Ago
Up