ပိုလန်နဲ့ဒတ်ခ်ျ ဂျက်တိုက်လေယာဉ်တွေဟာ မတ် ၂၁ ရက်နေ့က ပိုလန်နိုင်ငံမြောက်ပိုင်း Malbork မြို့မှာ ပြုလုပ်တဲ့ နေတိုးလေကြောင်းလေ့ကျင့်မှုမှာ ပူးတွဲပါဝင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလကတည်းက ပိုလန်မှာ တပ်စွဲထားတဲ့ ဒတ်ခ်ျ F-35 ဖိုက်တာဂျက်လေယာဉ်တွေကို လက်ရှိ မြို့တော်ရဲ့ လေတပ်စခန်းမှာ နေရာချထားပါတယ်။
ပိုလန်ရဲ့ MiG-29 လေယာဉ်တွေနဲ့ ဒတ်ခ်ျရဲ့ F-35 လေယာဉ်တွေဟာ တူညီတဲ့ လေတပ်စခန်းကနေ ပျံတက်ခဲ့ကြပြီး နေတိုးရဲ့ အရှေ့ဘက်ခြမ်းမှာ လေကြောင်းတားဆီးမှုကို ပြသဖို့ ပိုလန်လေပိုင်နက်အတွင်း ဝေဟင်မှာ ကြားဖြတ်ပျံသန်း လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဒတ်ခ်ျ F-35 ဖိုက်တာဂျက်လေယာဉ်တွေဟာ ပိုလန်အနီးရှိ ရုရှားစစ်လေယာဉ်သုံးစင်းကို ကြားဖြတ်ဟန့်တားခဲ့ပြီးနောက် ခြံရံပျံသန်းခဲ့ကြပါတယ်။
နယ်သာလန် တော်ဝင်လေတပ်မှ ဗိုလ်မှူးချုပ် ရှတ်ကယ်လ်က သူတို့ ဖေဖော်ဝါရီလမှာ Marlbork ကို ရောက်ရှိပြီးကတည်းက ကြားဖြတ်တားဆီးရေး လုပ်ထုံးလုပ်နည်းတွေ လိုအပ်တဲ့ ဖြစ်ရပ်လေးခု ဖြစ်ပွားခဲ့ကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။
အဲဒီမြို့ဟာ ရုရှားနိုင်ငံရဲ့ ကာလီနင်ဂရက်ဒ် နယ်မြေကနေ မိုင် ၁၀၀ တောင် မဝေးတဲ့နေရာမှာ ရှိနေတာဖြစ်ပြီး အဲဒီကနေပဲ ရုရှားစစ်လေယာဉ်ကို ကြားဖြတ် ပျံသန်းခဲ့တာပါ။
ဝါဆောဟာ လာမယ့်ရက်တွေအတွင်း MiG-29 တိုက်လေယာဉ် ၄ စင်း ပေးပို့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာထားတာကြောင့် ပိုလန်ရဲ့ MiG-29 တိုက်လေယာဉ်အုပ်စုရဲ့ တစိတ်တပိုင်း ယူကရိန်းနိုင်ငံကို ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။
ဒီဆောင်ရွက်ချက်ဟာ ပိုလန်နိုင်ငံက ကိယက်ဗ်ရဲ့ မဟာမိတ်တွေထဲမှာ ဒီလိုတိုက်လေယာဉ်တွေကို ထောက်ပံ့ပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။