close

လေကြောင်းအခြေစိုက်စခန်း

close

September 5, 2022

ယူကရိန်း၏လေကြောင်းအခြေစိုက်စခန်းအပါအဝင် လက်နက်သိုလှောင်ရုံများကို ရုရှားတိုက်ခိုက်

ရုရှားတပ်တွေဟာ နေရာအသီးသီးမှာ ယူကရိန်းရဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံတွေကို ဆက်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။ 

ရုရှားလေကြောင်း အာကာသတပ်ဖွဲ့တွေဟာ ၉၃ မမ စက်မှုတပ်မဟာက တပ်ဖြန့်ချထားတဲ့ ယာယီ အခြေစိုက်စခန်းတွေနဲ့ ဒန်ညက်စ်မြို့မှာရှိတဲ့ အမှတ် ၉၅ လေကြောင်းတိုက်ခိုက်ရေး တပ်မက တပ်ခွဲနည်းဗျူဟာတပ်ဖွဲ့ရဲ့ ယာယီအခြေစိုက်စခန်းတို့ကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က စက်တင်ဘာ ၃ ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရုရှားတပ်ဖွဲ့တွေဟာ နီကိုလာယက်ဗ်၊ ဇက်ပါရိုရှာနဲ့ ခါကို့ဗ်ဒေသတွေက ခဲယမ်းမီးကျောက်တွေကို ဖျက်ဆီးခဲ့ပြီး HIMARS ဒုံးကျည်မျိုးစုံ ပစ်လွှတ်တဲ့ ဒုံးကျည်တွေ၊ ဝေဟင်ကနေ ပစ်လွှတ်တဲ့ Tochka-U နည်းဗျူဟာမြောက် ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ဖယ်ရှား ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ကလည်း စက်တင်ဘာ ၃ ရက်က ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ စစ်ဘက်နဲ့ အရပ်ဘက်ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းစစ်တပ်ကလည်း အက်ဗ်ဒီးဗ်ကာ၊ ဆိုလေဒါနဲ့  တခြားနေရာတွေမှာ ရုရှာရဲ့ ထိုးစစ်ကို တိုက်ဖျက်ခဲ့တယ်လို့ဆိုပါတယ်။

ယူကရိန်းတဝန်းက စစ်ရေးအရ အရေးပါတဲ့ အခြေခံအဆောက်အဦတွေအပေါ် အကြီးအကျယ် တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲလို့ ယူကရိန်းတပ်မတော်ရဲ့  စစ်ဦးစီးချုပ်က အလေးပေး ပြောဆိုပါတယ်။ 

2 mins Ago
Up