close

လေဆိပ်

close

April 21, 2023

ကနေဒါလေဆိပ်တွင် ဒေါ်လာ ၁၅ သန်းခန့် တန်ဖိုးရှိသည့် ရွှေနှင့်အဖိုးတန်ပစ္စည်းများ အခိုးခံရ

ကနေဒါနိုင်ငံ တိုရွန်တို ပီယာဆန် နိုင်ငံတကာလေဆိပ်မှာ ဧပြီ ၁၇ ရက်က ဒေါ်လာ ၁၅ သန်းနီးပါး တန်ဖိုးရှိတဲ့ ရွှေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေ ခိုးယူခံလိုက်ရတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် ညနေပိုင်းမှာ ဒီအဖိုးတန်ကုန်ပစ္စည်းတွေ လေယာဉ်ပေါ်ကို ရောက်လာခဲ့ပြီးနောက် အခုလို ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဧပြီ ၂၀ ရက်နေ့မှာ ပီးလ် ဒေသဆိုင်ရာ ရဲအရာရှိဖြစ်သူ စတီဖင် ဒူဝီဗက်စတိုင်းက သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြုပါတယ်။

ဒီလေယာဉ်ဆင်းသက်ခဲ့ပြီးနောက် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ကုန်ပစ္စည်းတွေချကာ သိုလှောင်ရုံကို ယူဆောင်သွားခဲ့ပေမဲ့လည်း အချိန်တခုအကြာမှာ ပျောက်ဆုံးသွားတာ ဖြစ်ကြောင်း ဒူဝီဗက်စတိုင်းက ပြောပါတယ်။

ဒူဝီဗက်စတိုင်းက “ဒီလို တန်ဖိုးကြီးကုန်ပစ္စည်းတွေ ရောက်လာခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကုန်လှောင်ရုံထဲကနေ တရားမဝင်နည်းလမ်းတွေနဲ့အတူ ယူဆောင်သွားတာဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အဖိုးတန်ကုန်ပစ္စည်းတွေ ပျောက်ဆုံးသွားကြောင်း အချိန်ခဏအကြာမှာပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်သလို ဒီကုန်ပစ္စည်းကို သယ်ဆောင်လာခဲ့တဲ့ လေယာဉ်အနေနဲ့ ဘယ်ကလာပြီး ဘယ်ကိုနောက်ဆုံးသွားမယ် ဆိုတာကိုတော့ ဒူဝီဗက်စတိုင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

8 mins Ago

December 25, 2022

ဘရားဇီးလ်မြို့တော်လေဆိပ်အနီး ပေါက်ကွဲစေသည့်ပစ္စည်းတွေ့ရှိ

ဘရားဇီးလ်နိုင်ငံ မြို့တော်ဘရာစီလီယာ လေဆိပ်အနီးမှာ သံသယရှိ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းကို တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဗုံးရှင်းလင်းရေး ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ဆင်ရေး ချက်ချင်းလုပ်ဆောင်ခဲ့တယ်လို့ တရားရေးဝန်ကြီးလောင်း ဖလာဗီရို ဒီနိုက ပြောပါတယ်။ 

ဒီနိုဟာ ရွေးကောက်ခံသမ္မတ လူးဝ်ဇ်အီနာစီယိုလူလာဒါဆေးလ်ဗားရဲ့ အစိုးရအဖွဲ့မှာ တရားရေး ဝန်ကြီးအဖြစ် မကြာခင်မှာ စတင် တာဝန်ထမ်းဆောင်ဖို့ရှိနေပြီး ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကြီးကြပ်နေတယ်လို့ တွစ်တာလူမှုကွန်ရက်ကတဆင့် ပြောခဲ့တာပါ။

လူလာရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကလည်း ဒီဖြစ်ရပ်အပေါ်မှာ စောင့်ကြည်နေတယ်လို့ ဆိုပါတယ်။ လူလာကတော့ လာမယ့်ဇန်နဝါရီ ၁ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဒီပေါက်ကွဲ စေတတ်တဲ့ပစ္စည်းတွေကို ကျွမ်းကျင်သူတွေရဲ့ လေ့လာစစ်ဆေးမှုနဲ့ စုံစမ်းစစ်ဆေးရေး ကိစ္စတွေမှာ ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့က လုပ်ဆောင်နေတာဖြစ်တယ်လို့ တရားရေးဝန်ကြီးက တဆင့် သိရပါတယ်။ 

4 months Ago
Up