close

လေနို

close

August 3, 2022

အာဆင်နယ်ဂိုးသမား လေနို ဖူဟမ်အသင်းသို့ ပေါင် ၈ သန်းဖြင့် ပြောင်းရွှေ့

အာဆင်နယ်ဂိုးသမား လေနိုဟာ ဖူဟမ်အသင်းကို ပေါင် ၈ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားပါတယ်။

အသက် ၃ဝ အရွယ် ဂျာမနီဂိုးသမားဟာ အာဆင်နယ်ကို ဂိုးသမား ရမ်စ်ဒေး ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး အခုနှစ်ရာသီမှာတော့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဖူဟမ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ရလို့ ပျော်ရွှင်မိပြီး ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ကြောင်း လေနိုက ပြောပါတယ်။ တဆက်တည်းမှာပဲ အာဆင်နယ် ပရိသတ်တွေကိုလည်း နှုတ်ဆက်စကားဆိုခဲ့ပြီး ၄ နှစ်တာကာလအတွင်း အသင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ခွင့်ရခဲ့တာကို ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောပါတယ်။

လေနိုဟာ အာဆင်နယ်အတွက် စုစုပေါင်း ၁၂၅ ပွဲ ကစားခဲ့တဲ့အနက် ၂၀၂၀-၂၀၂၁ ရာသီက ၄၉ ပွဲအထိ ကစားခဲ့ပြီး အာဆင်နယ်ကစားသမားတွေထဲမှာ ပွဲအများဆုံး ဖြစ်ခဲ့ပါသေးတယ်။

5 mins Ago

May 11, 2020

အကောင်းဆုံးဂိုးသမားက အလစ်ဆန်ဟု လေနိုသုံးသပ်

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားက လီဗာပူးက အလစ်ဆန် ဖြစ်တယ်လို့ အာဆင်နယ်ဂိုးသမား လေနိုက ပြောလိုက်ပါတယ်။  ဘရာဇီးလက်ရွေးစင်ဂိုးသမား အလစ်ဆန်ဟာ ၂၀၁၈ ခုနှစ်ကမှ ရိုးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။  အလစ်ဆန်ဟာ လီဗာပူးအသင်းအတွက် ချန်ပီယံလိဂ်ဆုဖလားရယူပေးနိုင်ခဲ့ပြီး အခုနှစ်ပရီးမီးယားလိဂ်မှာလည်း ပေးဂိုးအနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်ခဲ့တာပါ။  လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဂိုးသမားက အလစ်ဆန်ဆိုတာ သိသာထင်ရှားပြီး သူဟာ ကွင်းတွင်းလက်စွမ်းရော အချက်အလက်တွေအရပါ အကောင်းဆုံးဖြစ်တယ်လို့ လေနိုက ချီးကျူးပါတယ်။  လီဗာပူးအသင်းဟာ ပေးဂိုးအနည်းဆုံး အသင်းဖြစ်ပြီး အဲဒီအောင်မြင်မှုနောက်မှာ ဂိုးသမား အလစ်ဆန်ရဲ့ စွမ်းဆောင်ရည်တွေလည်း အများကြီးပါဝင်တယ်လို့ အာဆင်နယ်ဂိုးသမားလေနိုက သုံးသပ်ခဲ့ပါတယ်။ 
2 years Ago
Up