close

လေပြင်းတိုက်ခတ်

close

May 6, 2023

တနိုင်းမြို့တွင် လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်အချို့ပျက်စီး

ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ မေ ၅ ရက်ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေကျိုးကျပြီး   လူနေအိမ်တချို့ပျက်စီးသွားတယ်လို့  ဒေသခံတွေကပြောပါတယ်။

ဒေသခံ ဘာသာရေးခေါင်းဆောင်တစ်ဦးက "မိသားစုနေခဲ့တဲ့ အိမ်ဟောင်းပြိုကျပျက်စီးသွားတယ်။ လေက မကြုံစဖူးကြမ်းတာကြောင့် သစ်ပင်တွေလည်း ကျိုးကျတာတွေလည်းရှိတယ်"လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူမရှိပေမဲ့ သစ်ပင်တွေကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်ခဲ့လို့ မီးသတ်တပ်ဖွဲ့တွေက သွားရောက် ရှင်းလင်းခဲ့ရတယ်လို့  မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။ တနိုင်းမြို့ဟာ လီဒိုလမ်းမကြီးပေါ်မှာတည်ရှိပြီး ရွှေနဲ့ ပယင်းတူးဖော်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြို့လေးလည်းဖြစ်ပါတယ်။

5 mins Ago

May 4, 2023

ပုဂံ ညောင်ဦးတွင် လေပြင်းတိုက်ခတ်၊ ဘုရားတံတိုင်းနှင့် နေအိမ်အချို့ သစ်ပင်ပိ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ပုဂံမြို့ဟောင်းမှာ မေလ ၃ ရက် ညနေပိုင်းက လေပြင်း‌တိုက်ခတ်ခဲ့တာကြောင့် ဘုရားတံတိုင်း အဆောက်အဦ၊ လမ်းမနဲ့ နေအိမ် ၂ လုံးပေါ် သစ်ပင်ပြိုလဲကျခဲ့တယ်လို့ မြို့ခံမီးသတ်ဌာနက ပြောပါတယ်။

ညနေ ၅ နာရီလောက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပုဂံမြို့ဟောင်း၊ တောင်ဘီရွာအနီးရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့မှာ လမ်းဘေးသစ်ပင်တွေ ညောင်ဦး-ပုဂံလမ်းမပေါ် ပြိုလဲခဲ့တာပါ။

ညောင်ဦးမြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “လေက မြစ်ဘက်ကနေ ဝေ့ပြီး တိုက်တာ။ ဝက်ကြီးအင်းနဲ့ တောင်ဘီက မြစ်ဘေးကပ်ရက်ဆိုတော့ အပင်တွေလဲကုန်တာ။ လမ်းဘက်ကျတဲ့အပင်ရှိသလို အိမ်တွေဘက် ကျတဲ့ဟာလည်း ရှိတယ်။ မြသိန်းတန်ဘုရားက ဘုရား ၂ ဆူရှိတယ်။ သစ်ပင်ပိတာက ဝက်ကြီးအင်းက၊ အုတ်တံတိုင်းနဲ့ တန်ဆောင်းပေါ်ကျတာ။ မင်္ဂလာသာစည်ဘက်ကတော့ အိမ်ပေါ်ကျတယ်၊ လူတော့ မထိခိုက်ကြပါဘူး” လို့ ပြောပါတယ်။

ညောင်ဦး၊ မင်္ဂလာသာစည်အမှတ် ၅ ရပ်ကွက်ရှိ လူနေအိမ် ၂ လုံးအပေါ်ကို ည‌နေ ၅ နာရီလောက်မှာပဲ သစ်ပင်ပြိုလဲမှုဖြစ်ပွားခဲ့ပြီး အမိုးနဲ့ နံရံတချို့ ပျက်စီးခဲ့တဲ့အပြင် ညနေ ၅ နာရီခွဲလောက်မှာ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်း အမှတ် ၇ ရပ်ကွက်ရှိ မြသိန်းတန်ဘုရား တံတိုင်းနဲ့ သွပ်မိုးသစ်သားတန်ဆောင်းတခုပေါ် သစ်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေ ပြိုလဲကျရာနေရာကို ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်တပ်ဖွဲ့တွေနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာမီးသတ်ဌာနချုပ်မှတ်တမ်းအရ သိရပါတယ်။

2 days Ago
Up