close

လေဖြတ်

close

September 22, 2021

ပုသိမ်မြို့က လေဖြတ်ထားသည့် နိုင်ငံရေးအကျဥ်းသားဟောင်း ၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက အသက် ၆၀ ကျော်နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်ထိုက်ကို ရှောင်တိမ်းနေတဲ့နေအိမ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်တဲ့ ဦးဇော်ထိုက်ဟာ စစ်တပ်အာဏာမသိမ်းမီကတည်းက လေဖြတ်ထားသူဖြစ်ပြီး နိုင်ငံရေးမလုပ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မြို့ခံ နိုင်ငံရေးသမားတဦးက “အာဏာမသိမ်းခင် ၃ လလောက်ကတည်းက လေဖြတ်နေတာ၊ ဒီတော်လှန်ရေးမှာ ဘာမှလုပ်နိုင်တာမဟုတ်ဘူး၊ ဒလန်က သတင်းပေးလို့ အဖမ်းခံရတာ။ သူက သူ့ရောဂါနဲ့သူ ဘာမှမလုပ်နိုင်လို့ ရှောင်နေတာပါ” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်ထိုက်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက နေအိမ်မှာ ညနေ ၅ နာရီလောက်က လာဖမ်းသွားပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးသလို ကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ပြည်သူ ၈၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။

4 mins Ago

February 23, 2020

ရေးမြို့တွင် တရုတ်နိုင်ငံသား သေဆုံးမှု လေဖြတ်ရောဂါကြောင့်ဟု ကျန်းမာရေးဌာနအတည်ပြု

ရေးမြို့နယ်မှာ ငါးခြောက်လုပ်ငန်းလာရောက်လေ့လာတဲ့ တရုတ်နိုင်ငံသားဟာ  ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်ရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ အတည်ပြုချက်အရ သိရတယ်လို့ မြို့နယ်ရဲမှူးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုမြင့်နေချိန် ရေးမြို့နယ် ဆိပ်ကလေးကျေးရွာမှာ တရုတ်နိုင်ငံသား တယောက် ရုတ်တရက်လဲကျ သတိလစ်သေဆုံးတာနဲ့ပတ်သက်လို့ အခုလို အတည်ပြုပြောဆိုလိုက်တာပါ။ သူဟာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီက ငါးခြောက်လုပ်ငန်းကို လေ့လာနေတုန်း ရုတ်တရက် လဲကျသွားလို့  ကျေးရွာတာဝန်ရှိသူတွေက ရေးမြို့ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပြီး မနက် ၁၁ နာရီ လောက် မှာ သေဆုံးသွားခဲ့ပါတယ်။ အပူချိန်မြင့်တာကြောင့် သွေးပေါင် ရုတ်တရက်တက်ပြီး ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက် သတိလစ် သေဆုံးတာလို့ ရေးမြို့နယ်ပြည်သူ့ဆေးရုံက ပြောခဲ့သလို အဲဒီနေ့ညနေမှာပဲ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနကို ပေးပို့စစ်ဆေးရာမှာလည်း သွေးတိုးရောဂါ မြင့်ပြီး ဦးနှောက်သွေးကြောပြတ် လေဖြတ်ရောဂါနဲ့ သေဆုံးတာဖြစ်ကြောင်း အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ည ၁၁ နာရီကျော်လောက်မှာ ရန်ကုန်ဆေးရုံကြီးကို ပေးပို့ပြီး ရင်ခွဲစစ်ဆေးရာမှလည်း အလားတူအဖြေမျိုး ထွက်ရှိခဲ့ပြီး သူ့ရဲ့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ရထားပြီး ဖြစ်တယ်လို့ မြို့နယ်ရဲမှူးက ဆိုပါတယ်။ သေဆုံးသူဟာ ယူနန်ပြည်နယ် ရွှေလီမြို့နေ အသက် ၄၁ နှစ်အရွယ် TANG ZIUSHENG ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်က  ရန်ကုန်လေဆိပ်ကိုရောက်ရှိကာ မွန်ပြည်နယ် ရေးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ငါးခြောက်လုပ်ငန်းကို လာရောက် လေ့လာနေတာပါ။ နေမျိုးထွဋ်
2 years Ago
Up