close

လေယာဉ်တင်သင်္ဘော

close

October 6, 2022

အမေရိကန်လေယာဉ်တင်သင်္ဘော ၁ စီးကို မြောက်ကိုရီးယားနိုင်ငံအနီးတွင် ထားမည်

မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ကို ဒုံးကျည်တစင်း ပစ်လွှတ်ပြီးနောက် အမေရိကန် လေယာဉ်တင်သင်္ဘောတစီးဟာ မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကို နေရာပြန်ချထားမှာ ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

USS ရော်နယ်လ်ရေဂင် သင်္ဘောကြီးဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လက တောင်ကိုရီးယားမှာ ပထမဆုံး ဆိုက်ကပ်ရပ်နားခဲ့တာဖြစ်ပြီး ဒီသင်္ဘောကြီးကို တခြားတိုက်ခိုက်ရေး စစ်သင်္ဘောတွေက ခြံရံလိုက်ပါသွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို တုံ့ပြန်ဖို့အတွက် မဟာမိတ်တွေရဲ့ အခုလို လုပ်ဆောင်ချက်ဟာ အလွန်ထူးခြားတယ်လို့ တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ကင်မ် ဂျွန်းရာ့ခ်က ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ ဆက်တိုက် ရန်စခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ပြသနေတယ်လို့လည်း သူကဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ထပ် ရန်စမှုတွေအတွက်လည်း ခြေရာခံစောင့်ကြည့်ပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့အစောပိုင်းက တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ ပင်လယ်ထဲကို ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။ မဟာမိတ်တွေဟာ ပင်လယ်ဝါထဲမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေ့ကျင့်မှုကို အစောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

13 mins Ago

September 25, 2022

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အမေရိကန် လေယာဉ်တင်သင်္ဘောကို သွားရောက်ကြည့်ရှု

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီဂျုံးဆပ်ဟာ တောင်ကိုရီးယားတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေး လေ့ကျင့် မှုမတိုင်မီ စက်တင်ဘာ ၂၄ ရက်က တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်မှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

အမေရိကန် လေယာဉ်တင် သင်္ဘော USS ရော်နယ်ရေဂင်နဲ့ သူ့ရဲ့ တွဲဖက်တိုက်ခိုက်ရေးအဖွဲ့က သင်္ဘောတွေဟာ အချိန်လေးနှစ်လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၂၃ ရက်မှာ တောင်ကိုရီးယားကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တခြားစစ်ရေယာဉ်တွေနဲ့ ပူးပေါင်းဖို့လည်း  စီစဉ်ထားပါတယ်။ 

ဝန်ကြီးဟာ တောင်ကိုရီးယားအခြေစိုက် အမေရိကန် စစ်တပ် (USFK) ရဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ပေါလ် လာကာမေရာနဲ့အတူ သင်္ဘောကို လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။

USS ရော်နယ်ရေဂင်ရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တားဆီးဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် (SLBM) စမ်းသပ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေကို တောင်ကိုရီးယား စစ်တပ်က တွေ့ခဲ့တယ်လို့ Yonhap သတင်းအေဂျင်စီက စနေနေ့တွင် ဖော်ပြခဲ့ပါတယ်။

2 weeks Ago
Up