close

လေယာဉ်ဖြင့်ဗုံးကြဲ

close

January 12, 2023

ဖာပွန်ခရိုင် လေးဝါးရွာကို စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ၊ ခရစ်ယာန် ဘုန်းကြီးအပါအဝင် ၄ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေ လူသောမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကက်သလစ်ဘုန်းကြီး တပါးအပါအဝင် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီတိုက်လေယာဉ် ၂ စီးဟာ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု၊  လေးဝါးကျေးရွာကို ဗုံး ၃ ကြိမ်လာကြဲသွားတာလို့ ကေအန်ယူ တပ်မဟာ (၅)  ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“လေးဝါးရွာသား ကက်သလစ်အသင်းအုပ်ဆရာတဦးအပါအဝင် ၄ ဦး ထိခိုက်သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတယ်လို့ ခုလောလောဆယ်သိရတယ်။ နောက်ထပ် ထိခိုက် သေဆုံးနိုင်သေးတယ်လို့ ရွာသားတွေတယောက်က ပြောပြတယ်။ အခုအချိန်ထိ လူတွေကို ရှာဖွေစိစစ်လို့ မပြီးသေးဘူးလို့ ‌လည်း ပြောတယ်။"

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီလောက်ကလည်း စစ်ကောင်စစ်တပ်က ကေအန်ယူ  ဒွယ်လိုမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ဆေးရုံတရုံ အပါအဝင် အဆောက်အဦအချို့ ပျက်စီးခဲ့ရပါတယ်။

ဒါကပြင် မနက် ၁၀ နာရီခွဲအချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ကေအန်ယူ တပ်မဟာ ၅  ဒွယ်လိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ ယာဂီထာဈေးထဲကို ဗုံး ၄ လုံး ထပ်မံ ကြဲချခဲ့တဲ့အတွက် ဒေါ်နွယ်နီနဲ့ သားနှစ်ဦး၊ ချွေးမတဦး နဲ့ အလုပ်သမား ၂ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူ မူတြော်သတင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တရက်တည်းမှာပဲ မနက် ၁၀ နာရီလောက်မှာ ဖာပွန်မြို့နယ်၊ ဒီဘူနိုရွာကို ဗုံးလာကြဲပစ်ခတ်သွားခဲ့လို့ ဒေသခံတယောက် ခါးအထက်ကျောပြင်မှာ ဗုံးစမှန် ဒဏ်ရာရပြီး အိမ်အဆောက်အဦ ၁ လုံး၊ ကား ၁ စီး ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေ ထွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ကြေညာပြီးနောက်ပိုင်း လေကြောင်းကနေ နေ့တိုင်းလာရောက်ပစ်ခတ်နေပါတယ်။

ဒါ့အပြင် တပ်မဟာ ၅ နဲ့ ထိုင်းဘက်ခြမ်း ဆက်သွယ်ထားတဲ့ သံလွင့်မြစ်ကို မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး စက်လှေတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

9 hours Ago

November 23, 2022

အင်းတော်မြို့နယ်၌ စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ KIA၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်နဲ့ မော်လူးကြားက ဥသျှစ်ကုန်းရွာကို စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၂ ရက် နေ့လယ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၃ နာရီလောက်မှာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နေ့လယ်လောက်က တိုက်လေယာဉ်နဲ့ လာပစ်သွားတယ်၊ အဲဒီအချိန် တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူး၊ ညနေ ၃ နာရီ၊ ၄ နာရီကြားလောက်မှာ အသံတွေစကြားရတယ်၊ အဲကနေတိုက်ပွဲတွေ စဖြစ်နေတာ၊ ဥသျှစ်ကုန်းရွာနားမှာပဲ၊ လေယာဉ်နဲ့ လာပစ်သွားတာလည်း အဲဒီရွာပဲ။”

လက်ရှိအချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပတ်ဝန်းကျင်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်သူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးကလည်း စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားညှပ်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်နိုင်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

“အခုကြားရသလောက်တော့ စကစတပ်ဖွဲ့ကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားညှပ်ထားသလို ဖြစ်နေတော့ လေကြောင်းနဲ့လာတိုက်တာဖြစ်နိုင်တယ်၊ ညနေပိုင်းရောက်တော့ တိုက်ပွဲတွေဖြစ်ပြီးလေ၊ အသေးစိတ်တော့မသိရသေးဘူး၊ အဲဘက်ခြမ်းကို ဆက်သွယ်နေတာ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရဖြစ်နေတယ်။”

တိုက်ပွဲတွေကြောင့် ဥသျှစ်ပင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေ လုံခြုံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် ဗန်းမောက်နဲ့မော်လူးကြားက တခွတ်တာရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

2 months Ago
Up