close

လေယာဉ်ဗုံးကြဲ

close

December 26, 2021

အာရှလမ်းမကြီး မွေးမြူရေးဇုန်အနီးတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်

ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်မြို့ အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒီနေ့မွန်းတည့် ၁၂ နာရီလောက် ဂျက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂျက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။

အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို KNLA တပ်ဖွဲ့က ဒီနေ့မနက် ၇ နာရီလောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးလောက် ကျဆုံးခဲ့တာကြောင့် ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူခဲ့သလို လေကြောင်းကနေလည်း  လာရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

အလားတူ မြန်မာ-ထိုင်းနယ်စပ် လေးကေ့ကော်မြို့သစ် ထီးမဲ့ဝါးခီး မဲ့ထော်တလေး ရွာဘက်မှာလည်း ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်နဲ့ KNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံးက နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လေးကေကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။ 

ကရင်ပြည်နယ် လေးကေ့ကော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးခိုလှုံနေကြရပါတယ်။

12 hours Ago

March 29, 2021

အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဗုံးကြဲသဖြင့် ကရင်ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်မှု‌တွေကြောင့် ကရင်ပြည်နယ်မှာ နှစ်ရက်အတွင်း အရပ်သား ၇၀၀၀ ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူကသတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၇ ရက်နဲ့  ၂၈ ရက်နေ့ညအချိန်တွေမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) မူတြော်ခရိုင် အုပ်ချုပ်မှု နယ်မြေအတွင်း ဒေပူနိုကျေးရွာ၊ တနေးလူတောင်ကုန်းကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ဟိုကေကျေးရွာ  တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

၂၇ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာတော့ နေအိမ်တစ်လုံးမီးလောင်ခဲ့သလိုအရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။

၂၈ရက်နေ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုမှာတော့ မောယူနီကျေးရွာရှိ အရပ်သားနေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံရွာသား ၃၀၀၀ လောက်လည်း  သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်နဲ့ တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေကြရပါတယ်။

9 months Ago
Up