close

လေယာဉ်လက်မှတ်

close

October 13, 2022

လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုများနှင့် ပတ်သက်၍ MAI နှင့် Air KBZ အရေးပေါ်ထုတ်ပြန်

လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ခရီးစဥ်လက်မှတ်တွေကို မသမာသူတွေက အတုအပပြုလုပ်ပြီး ခရီးသည်တွေထံကငွေကြေးရယူ လိမ်လည်ရောင်းချတာတွေရှိနေတဲ့အတွက် သတိထားဝယ်ယူကြဖို့    အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နဲ့  Air KBZ တို့က ဒီကနေ့   အရေးပေါ် အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။

အဆိုပါ လိမ်လည်ရောင်းချနေသူတွေဟာ  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်တွေရဲ့ အမည်ကို အလွဲသုံးစားပြုလုပ်ပြီး လည်းကောင်း၊ တဆင့်ခံလက်မှတ်အရောင်းကိုယ်စားလှယ်တွေအဖြစ်  account တွေနဲ့  page တွေမှာ အတုအပပြုလုပ်လို့လည်းကောင်း အယောင်ဆောင် လိမ်လည်နေကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် ခရီးသည်တွေအနေနဲ့  လိမ်လည်ရောင်းချခံရခြင်းမှ ရှောင်ရှားနိုင်ဖို့ မိမိတို့ဝယ်ယူထားတဲ့ လက်မှတ်တွေ မှန်ကန်မှု ရှိ၊ မရှိကို ငွေပေးချေမှုမပြုမီ MAI နဲ့ Air KBZ တို့ရဲ့ တရားဝင် ဝက်ဆိုက် www.maiair.com နဲ့  www.airkbz.com တို့မှာ PNR (သို့) e-ticket number နဲ့ ကိုယ်တိုင်ဝင်ရောက် စစ်ဆေးနိုင်သလို Facebook Messenger မှာလည်း လာရောက်စစ်ဆေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်လူမှုကွန်ရက် account တွေနဲ့  page တွေကနေ နည်းမျိုးစုံနဲ့ အယောင်ဆောင် လိမ်လည်မှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး ထိခိုက်နစ်နာတဲ့ ပြည်သူလတွေအတွက် တာဝန်ရှိသူတွေက အရေးယူ ဆောင်ရွက်ပေးခြင်းလည်း မရှိပါဘူး။

13 mins Ago
Up