close

လေယာဉ် ၂ စင်းတိုက်မိ

close

November 13, 2022

အမေရိကန်တွင် ဒုတိကမ္ဘာစစ်အထိမ်းအမှတ် လေကြောင်းပြပွဲ၌ လေယာဉ် ၂ စင်းတိုက်မိ

အမေရိကန်နိုင်ငံ တက်ဆပ်ပြည်နယ် ဒါးလက်စ်မြို့မှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းပြပွဲတခုမှာ နိုဝင်ဘာ ၁၂ ရက်က လေယာဉ်နှစ်စင်း တိုက်မိခဲ့တယ်လို့ ပြည်ထောင်စု အဆင့် တာဝန်ရှိသူတွေက ပြောပါတယ်။

ဘိုးရင်း B-17 Flying Fortress ဗုံးကြဲလေယာဉ်နဲ့ Bell P-63 ကင်းကော့ဘရာ တိုက်လေယာဉ်တို့ဟာ ဒါးလက်စ် လေဆိပ်မှာကျင်းပတဲ့ Wings Over Dallas လေကြောင်း ပြပွဲ မှာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်က ပျက်ကျခဲ့တယ်လို့ ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုကို အရေးပေါ် ကယ်ဆယ်ရေးသမားတွေက တုံ့ပြန်ခဲ့တယ်လို့ လေဆိပ်အရာ ရှိတွေက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ 

ဒီပြပွဲကို နိုင်ငံရဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် လေကြောင်းပြသမှုအဖြစ် ဖော်ပြခဲ့ပါတယ်။

လေယာဉ် နှစ်စင်းပေါ်မှာ လူဘယ်လောက် လိုက်ပါသွားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ FAA က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ လေယာဉ် နှစ်စင်း တိုက်မိပြီး မကြာမီ မြေပြင်ပေါ် ပျက်ကျလို့ မီးတောက်တွေနဲ့ လောင်ကျွမ်းသွားတာကို တွေ့ရပါတယ်။

FAA နဲ့ အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) တို့က စတငစုံစမ်း စစ်ဆေးခဲ့ပြီး နောက်ဆုံးရ အခြေအနေတွေကို အစီရင်ခံခဲ့တယ်လို့  တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

1 min Ago
Up