close

လေရှီးမြို့

close

September 20, 2021

လေရှီးမြို့နှင့် စေတုတ္တရာမြို့အနီး မြေငလျင်များလှုပ်ခတ်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လေရှီးမြို့ အနီးမှာ   စက်တင်ဘာလ ၂၀ ရက်မနက် အစောပိုင်းက အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့  မြေငလျင်လှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

မြန်မာစံတော်ချိန် မနက် ၁ နာရီ ၅၄ မိနစ်၊ ၀၄ စက္ကန့်မှာ တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၈၂ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း လေရှီးမြို့ရဲ့ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာ အနက်  ၆၉ ကီလိုမီတာကို ဗဟိုပြု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။  

အလားတူ စက်တင်ဘာ ၂၀ ရက်၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၄၇)မိနစ်၊ (၄၁)စက္ကန့်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၇၆ မိုင်ခန့်ကွာဝေးတဲ့ မကွေးတိုင်း စေတုတ္တရာမြို့ရဲ့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ အနက်  ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၀)မိနစ်၊ (၄၉)စက္ကန့်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၇၃ မိုင်ခန့်ကွာဝေးတဲ့ စေတုတ္တရာမြို့ အနောက်ဘက် ၁၈ မိုင်ခန့်အကွာ  အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုပြီး  အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်သွားတယ်လို့လည်း  မိုးဇလက ထုတ်ပြန်ထားပါတယ်။

အဆိုပါ မြေငလျင်တွေကြောင့် လူတွေထိခိုက်ဒဏ်ရာရ၊ အိုးအိမ်တွေ ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မရရှိသေးပါဘူး။

9 mins Ago
Up