close

လောခ့်ဒေါင်း

close

September 17, 2022

ရွှေလီမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လောခ့်ဒေါင်း ပြန်ချ

မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်တဲ့ တရုတ်ဘက်ခြမ်း ရွှေလီမြို့မှာ စက်တင်ဘာလ ၁၆ ရက် ည တရုတ် စံတော်ချိန် ည ၁၂ နာရီကစပြီး  ၂၁ ရက်နေ့အထိ တမြို့လုံးနီးပါးကို ၅ ရက်ကြာ လော့ခ်ဒေါင်း ပြန်သတ်မှတ်လိုက်ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြန်မာပို့ကုန် လုပ်ငန်းရှင်တဦးက "ရွှေလီ တမြို့ထဲပဲဗျ။ ၅ ရက်လော့ခ်ဒေါင်း ချလိုက်တယ် ညတုန်းက။ ပိုးတွေ့ လူနာ ဘယ်လောက်ရှိလဲ ဆိုတာ မသိပါဘူး ခင်ဗျား။ ဝမ်တိန် မပါပါဘူးနော်။ ကုန်သွယ်မှုတွေက ပုံမှန်အတိုင်းပါပဲ။" လို့ ပြောပါတယ်။ 

ပိုးတွေ့နှုန်းတိုးလာလို့ ရွှေလီမြို့ထဲ နေရာ ၃၅ နေရာကို အဝါရောင် အဆင့်သတ်မှတ် လော့ခ်ဒေါင်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

တမြို့လုံး လော့ခ်ဒေါင်းချတာ မဟုတ်ဘဲ ကွက်ကျားချပေမယ့် Scan ဖတ်တာမှာ အဝါရောင်ပေါ်လာရင်တော့ အိမ်မှာပဲနေရတယ်လို့  နယ်စပ်ကုန်သည် နောက်တဦးကကလည်း ရှင်းပြပါတယ်။

"လော့ခ်ဒေါင်း ချတဲ့ပုံစံနဲ့ အတူတူပဲ။ ခေါ်တာချင်း မတူတာပဲရှိတယ်။ ဝမ်တိန်တံတားနဲ့ ဟိုင်းဝေး လမ်းမကြီးလည်း ပိတ်ပစ်လိုက်ပြီတဲ့။ အဝင် အထွက် မပေးတော့ဘူး။ လူနာဦးရေတော့ မတွေ့သေးဘူး။ သူတို့ တရားဝင် မကြေညာသေးဘူး။"

ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကြောင့်  လက်ရှိမှာ ရွှေလီမြို့နဲ့ တချို့မြို့ကြီးတွေနဲ့ အမြန်ချောပို့ မရတော့လို့ အွန်လိုင်းအရောင်းအဝယ် သမားတွေအတွက် နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ ရွှေလီရောက် မြန်မာလုပ်ငန်းရှင်တဦးကပြောပါတယ်။

ငွေလဲဈေးနှုန်းတက်လို့ အခက်အခဲ ဖြစ်နေတဲ့ အချိန် ကိုဗစ်ပိုး ပြန်တွေ့လာ‌တော့ လုပ်ငန်း လည်ပတ်နိုင်ဖို့ ပိုခက်ခဲလာစေတယ်လို့လည်း နယ်စပ်ကုန်သည်အသိုက်အဝန်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကစလို့ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါ ပြန်လည် စစ်ဆေးတွေ့ရှိလာတာ ဖြစ်ပါတယ်။

ရွှေလီမြို့ဟာ  မြန်မာနိုင်ငံက တင်ပို့လိုက်တဲ့ပို့ကုန်တွေကို တရုတ်နိုင်ငံပြည်မကြီးဘက် ပြန်လည် ဖြန့်ဝေတဲ့မြို့ဖြစ်သလို မြန်မာနိုင်ငံဘက် တင်သွင်းမယ့် ကုန်တွေကို ရွှေလီမြို့ကနေ ဝမ်တိန်၊ ဝမ်တိန်ကနေ မြန်မာဘက်ကျင်းစန်းကျော့ကို ကုန်သွယ်ပေးတဲ့ မြန်မာနဲ့ တရုတ် အဓိက နယ်စပ်ကုန်သွယ်ရာ မြို့ ဖြစ်ပါတယ်။ 

Photo Crd-ကုန်သည် လုပ်ငန်းရှင်များ 

1 min Ago
Up