close

လောင်စာဆီစျေး

close

September 14, 2022

ဟေတီတွင် လောင်စီစျေးတက်မှုကြောင့် ဆန္ဒပြမှုနှင့် ပစ်ခတ်မှုဖြစ်ပြီး လမ်းပိတ်ဆို့

ဟေတီနိုင်ငံရဲ့ မြို့တော် ပို့ထ်အူပရင့်စ်မှာ စက်တင်ဘာ ၁၃ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး မြို့တွင်းလမ်းတွေတလျှောက် လမ်းပိတ်ဆို့ခဲ့ပါတယ်။

လောင်စာဆီဈေးတက်မှုနဲ့ ရာဇဝတ်မှုတွေအပေါ် ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက တာယာတွေကို မီးရှို့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဟေတီမှာ ဆယ်စုနှစ်တခုအတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးထိတက်သွားလို့ နောက်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။

အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေလည်း အစိုးရလက်လှမ်းမမီတဲ့အထိ ဟေတီနိုင်ငံရဲ့ နယ်မြေအများအပြားကို ပြန့်သွားခဲ့ပါတယ်။

ပြိုင်ဘက်ဂိုဏ်းတွေကြား သွေးထွက်သံယို တိုက်ပွဲတွေကြောင့် လူရာချီ သေဆုံးပြီး ထောင်နဲ့ချီ  အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မြို့တော်က ဆန္ဒပြသူတွေဟာ ဆန္ဒပြပွဲမှာ အမျိုးသားတ‌ေယာက်ရဲ့အလောင်း သယ်ဆောင်လာတာကို ရိုက်တာသတင်းဌာနက ရုပ်သံရိုက်ကူးပြသခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ဓားစာခံ သေဆုံးသွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဟေတီနိုင်ငံသားတွေဟာ လောင်စာဆီဈေးတက်တာကို ရင်ဆိုင်နေရပြီး ဓာတ်ဆီနဲ့ ဒီဇယ် စျေးတက်တာကြောင့် တချို့လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တွန်းအားပေးနေသလို ဖြစ်နေတာပါ။

လောင်စာဆီဈေးနှုန်း လျှော့ချပေးဖို့ ထောက်ပံ့ကြေးရရှိရေး လောင်စာတင်သွင်းသူတွေက ကြိုးစား ရုန်းကန်နေရပါတယ်။

ဗဟိုဘဏ်ဆီကနေ ဒေါ်လာရဖို့ကလည်း အခက်အခဲတွေရှိနေလို့ ဟေတီနိုင်ငံမှာ လောင်စာဆီသိုလှောင်မှု နည်းပါးသွားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

1 min Ago
Up