close

လောင်စာဆီဆိုင်မီးလောင်

close

November 22, 2022

ရုရှားထိန်းချုပ်ဒေသ ဒန်ညက်စ်မြို့အနီးရှိ လောင်စာဆီဆိုင်တွင် မီးအကြီးအကျယ်လောင်

ယူကရိန်းအရှေ့ပိုင်း ရုရှားထိန်းချုပ်ရာဒေသ ဒန်ညက်စ်မြို့အနီးက မာကီးဗ်ကာ လောင်စာဆီဆိုင်မှာ နိုဝင်ဘာ ၂၁ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။

ပေါက်ကွဲလွယ်တဲ့ အရာဝတ္ထုတခုကြောင့် မီးလောင်ခဲ့တာလို့ စက်တင်ဘာလမှာ ရုရှားနဲ့ တရားဝင် ပေါင်းစည်းထားတဲ့ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက ဆိုပါတယ်။

မီးလောင်မှုကြောင့် မြေပြင်ပေါ်က ဆီလှောင်ကန် ၃ လုံးနဲ့ လောင်စာဆီတင် ရထားတွဲ ၂ တွဲ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို မီးသတ်ကား အစီး ၂၀ လောက် လာခဲ့ရပေမဲ့ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။

ရုရှားထိန်းချုပ်ထားတဲ့ ဒန်ညက်စ်မြို့အရှေ့ဘက်က မာကီးဗ်ကာဒေသမှာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ပစ်ခတ်မှု အပြင်းအထန် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်က တိုက်ခန်းတခန်းကို ကျည်ဆန်ထိမှန်လို့ လူတဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

2 mins Ago
Up