ကိုလံဘီယာနိုင်ငံမြောက်ပိုင်း ကာရေဘီယံမြို့ဖြစ်တဲ့ ဘာရန်ကီတာမှာ ဒီဇင်ဘာ ၂၁ ရက် အစောပိုင်းက လောင်စာဆီတိုင်ကီတခု ပေါက်ကွဲမီးလောင်မှုအတွင်း ပြုတ်ကျခဲ့တဲ့ မီးသတ်သမားတဦး သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူ မီးသတ်သမားဟာ လောင်စာဆီတိုင်ကီ ပေါက်ကွဲပြီးနောက် ပြုတ်ကျခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် ဟာဗီယား ဆိုလာနို ဖြစ်ပြီး ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
အရေးပေါ်အခြေအနေကို ထိန်းချုပ်ဖို့ လောင်စာဆီအားလုံးကုန်အောင် လောင်ကျွမ်းသွားဖို့ မီးထိန်းကာလ ၃ ရက်၊ ၄ ရက်လောက် ကြာအောင် စောင့်ရမယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ပြောပါတယ်။
လောလောဆယ်တော့ မီးလောင်နေတဲ့တိုင်ကီကို မီးငြှိမ်းသတ်ဖို့ ခွင့်ပြုပေးနေပြီး တချိန်တည်းမှာပဲ မီးလောင်နေတဲ့ နေရာနားက လုပ်ငန်းတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်ထားကြောင်း ဘာရန်ကီတာမြို့တော်ဝန် ဆိုင်းမေး ပူမာရေဟိုက ပြောပါတယ်။
အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ မီးလောင်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အထိ ဘာရန်ကီလာဆိပ်ကမ်းရှိ လုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။