close

လောင်စာဈေးနှုန်း

close

July 5, 2022

ပီရူးတွင် လောင်စာဈေးနှုန်းမြင့်တက်မှုအပေါ် ပို့ဆောင်ရေးဝန်ထမ်းများ ဆန္ဒပြ

ပီရူးနိုင်ငံမှာ လောင်စာဆီဈေးနှုန်း ကြီးမြင့်နေလို့ ပို့ဆောင်သွားလာရေးလုပ်ငန်းက ဝန်ထမ်းတွေဟာ ဇူလိုင် ၄ ရက်က လမ်းတွေကိုပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။  

ပီရူးနိုင်ငံလုံးဆိုင်ရာ ယာဉ်မောင်းအသင်းရဲ့ဥက္ကဋ္ဌက သပိတ်ကြောင့် တနိုင်ငံလုံး ပို့ဆောင်သွားလာရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းလုလု ဖြစ်သွားတယ်လို့ ပြောပါတယ်။ 

အစိုးရက သဘောတူထားတဲ့အချက်ကို  အကောင်အထည်မဖော်ဘူးဆိုရင် သပိတ်ကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ 

သပိတ်ကြောင့် လီမာမြို့က ဘက်စ်ကားဂိတ်တွေမှာ ပုံမှန်လာနေကျ လိုင်းကား မလာတော့လို့ ခရီးသွားတွေ သောင်တင်နေခဲ့ကြပြီး ကားလမ်းကြောင်းတွေ ပြောင်းသွားတာ၊ ကားဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်သွားတာကို ပြည်သူတွေ ကြုံနေရပါတယ်။ 

စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေအရ ပီရူးမှာ ငွေကြေးဖောင်းပွမှုဟာ ၂၅ နှစ်အတွင်း အဆိုးဆုံး အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ 

1 min Ago
Up