close

လောင်စာပိုက်လိုင်း

close

January 13, 2022

ဗင်နီဇွဲလားတွင် လောင်စာပိုက်လိုင်း ပေါက်ကွဲပျက်စီး

ဗင်နီဇွဲလားနိုင်ငံက လောင်စာပိုက်လိုင်း ပေါက်ကွဲပျက်စီးမှုဟာ ရာဇဝတ်သင့်တဲ့ တမင်ဖျက်ဆီးတဲ့ အဖျက်အမှောင့်လုပ်ရပ်လို့ အစိုးရပိုင် ရေနံကုမ္ပဏီ PDVSA က ဇန်နဝါရီ ၁၂ ရက်မှာ ပြစ်တင် ပြောဆိုလိုက်ပါတယ်။

ပိုက်လိုင်းကို အမြန် ပြင်ဆင်ပြီးစီးမယ်လို့လည်း ထပ်ပြောပါတယ်။

ဗင်နီဇွဲလားအရှေ့ပိုင်း အန်ဇွာတေဂွေပြည်နယ်က အာဏာပိုင်တွေဟာ ပိုက်လိုင်းပေါက်ကွဲမှုကို ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ပိုက်လိုင်းကိုဖောက်ပြီး ဆီယူဖို့ ကြိုးစားရာကနေဖြစ်တာလို့ ယူဆကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး လူးဝစ် ဟိုဆေး မာကာနိုက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

ဒီပိုက်လိုင်းဟာ ဗင်နီဇွဲလားနိုင်ငံအရှေ့ပိုင်းက ပြည်နယ်တွေတလွှား ဓာတ်ဆီ ဖြန့်ဖြူးတဲ့ ပိုက်လိုင်းလို့ PDVSA က ပြောပါတယ်။

ဝန်ဆောင်မှု အနှောက်အယှက်တွေကို ဟန့်တားဖို့ နဲ့ ပျက်စီးတဲ့နေရာကို ပြင်ဆင်ဖို့ ရနိုင်သမျှ အဖွဲ့ အားလုံးကို တာဝန်ပေးပြီးပြီလို့လည်း ပြောပါတယ်။

ဒီဖောက်ခွဲမှု ဘယ်သူလုပ်တယ်၊ ဒါမှမဟုတ် အသေအပျောက် ဘယ်လောက် ရှိတယ်ဆိုတဲ့ အတည်ပြုမှုတွေ မရှိသေးပါဘူး။ 

ဗင်နီဇွဲလားနိုင်ငံဟာ တရက်ကို ရေနံစိမ်း စည်ပေါင်း ၁ ဒသမ ၃ သန်း ချက်လုပ်နိုင်တဲ့ ရေနံချက် စက်ရုံတွေ ရှိပေမဲ့ စွမ်းဆောင်ရည် နိမ့်ကျနေလို့ ရင်းနှီးမြှုပ်နှံမှုတွေ ထုတ်ရောင်းခဲ့အပြီး ဓာတ်ဆီ ပြတ်လပ်တဲ့ ဒဏ်ကို ရင်ဆိုင်နေရပါတယ်။ 

2 mins Ago
Up