လာမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကနေစတင်ပြီး လောင်းကစားကုမ္ပဏီစပွန်ဆာတွေကို ပရီးမီးယားလိဂ်က လက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီဆုံးဖြတ်အပေါ် ပရီးမီးယားလိဂ်အသင်းတွေ ကလည်း လက်ခံသဘောတူခဲ့တယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်မှာ အသင်း ၈ သင်းက ဂျာစီရင်ဘတ်မှာ လောင်းကစားကုမ္ပဏီတွေက စပွန်ဆာပေးထားတာပါ။
ဒါပေမဲ့ လက်မောင်းနေရာမှာတော့ လောင်းကစားကုမ္ပဏီစပွန်ဆာတွေကို တပ်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
တခြားအားကစားနည်းတွေမှာလည်း လောင်ကစားကြော်ငြာတာတွေကို တားမြစ်ဖို့ ပရီးမီးယားလိဂ်ကတိုက်တွန်းသွား မယ်လို့ဆိုပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဘုန်းမောက်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်၊ ဖူဟမ်၊ လိဒ်ယူနိုက်တက်၊ နယူးကာဆယ်၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်းအသင်းတွေက လောင်းကစားကုမ္ပဏီတွေကို ဂျာစီရင်ဘတ် စပွန်ဆာအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။