close

လောင်းကစားဝိုင်းလုပ်သူ

close

September 21, 2021

မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုတွင် လောင်းကစားဝိုင်းလုပ်သူ ၁၉ ဦး ဖမ်ဆီးခံရ

မန္တလေးမြို့ လမ်း ၃၀ ၊ ၇၁ လမ်းနဲ့ လမ်း ၇၀ ကြားရှိ Golden City Crown Hotel မှာ လောင်းကစားဝိုင်းကို သက်ဆိုင်ရာက စက်တင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒီလို ဝင်ရောက်ဖမ်းဆီးရာမှာ  ဖဲရိုက် လောင်းကစားလုပ်နေတဲ့ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၉ ယောက်နဲ့ ငွေကျပ် ၂၁၅ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

ဟိုတယ်ထဲက အခန်းတခန်းမှာ  လောင်းကစားဝိုင်းလုပ်နေတာဖြစ်ပြီး ဖမ်းဆီးရမိတဲ့အထဲမှာ ဟိုတယ်မန်နေဂျာလည်း ပါဝင်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးရမိသူတွေကို လောင်ကစားဥပဒေနဲ့ သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

2 mins Ago
Up