close

လောင်းရှည်ဒေသ

close

March 3, 2022

လောင်းရှည်ဒေသတွင် စစ်ကောင်စီတပ်နှင့် PDFတို့ တိုက်ပွဲပြင်းထန်

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာ မတ်လ ၃ ရက် ဒီနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထ  စစ်ကောင်စီတပ်တွေနဲ့ လောင်းရှည်PDF တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

လောင်းရှည်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ဆောမြို့ဘက်ကို စစ်ကြောင်းထိုးလာလို့ မနက် ၉ နာရီလောက်မှာ လောင်းရှည်PDF က တောင်ဘို့ကြီးရွာအလွန် ကြသောင်းတောင်နားမှာ မိုင်း ၂ လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနိုင်တယ်လို့ လောင်းရှည်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကြသောင်းတောင်ကြောမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကျနော်တို့ ဘက်ကလည်း လက်နက်ကြီးနဲ့ ၁၃ ချက်လောက်ပစ်ခဲ့လို့ စစ်ကောင်စီတပ်တွေဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်လို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲဖြစတာ တိုက်ပွဲ ဖြစ်ပွားချိန် ၈ နာရီလောက် ကြာမြင့်ခဲ့တယ်”။

လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အချိန်မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အော်ဟစ် ဆဲဆိုသံတွေလည်း ကြားရကြောင်းနဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရ  အခြေအနေကို အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အစပ်မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ စစ်ကောင်စီတပ်တွေကို ကန်ပက်လက် CDFနဲ့ လောင်းရှည်PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

6 mins Ago

February 20, 2022

လောင်းရှည်ဒေသတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း လောင်းရှည်ဒေသမှာ ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ ရက်နေ့ နှစ်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးခဲ့၊ အများအပြားဒဏ်ရာရရှိတယ်လို့ လောင်းရှည် PDF က ပြောပါတယ်။

လောင်းရှည်ဒေသ ဆွဲလဲကျင်းကျေးရွာ အနောက်ဘက် ချင်းပြည်နယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေအား ဖေဖော်ဝါရီ ၁၈/၁၉ ရက်နေ့ ၂ ရက်အတွင်း လောင်းရှည် PDF နဲ့ ခေါနူး မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ လောင်းရှည်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ဘက်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ သူတို့ ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်ကျဆုံးတာမရှိဘူး။” 

စစ်ကောင်စီဘက်က သေဆုံးခဲ့တဲ့ အလောင်းတွေကိုတော့ အနီးနားက တဲပေါ်မှာတင်ပြီး တဲရောအလောင်းတွေရော မီးရှို့ သင်္ဂြိုဟ်သွားကြောင့် စုံစမ်းသိရတယ်လို့ ပြောပါတယ်။

လောင်းရှည်မြို့နားက အမျာပြည်သူသွားလာနေတဲ့ လက်ကွက်ထဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့ ကျနေတဲ့ ၆၀ မမ ဗုံးသီးတစ်လုံးကိုလည်း မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးဖို့ ကြိုးစားပေမယ့် မပေါက်ကွဲတာကြောင့် ပြည်သူတွေနဲ့ဝေးတဲ့နေရာမှာ လုံခြုံစိတ်ချရအောင်စီမံပြီး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ဆောမြို့ကနေ လောင်းရှည်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၁၆ စီး အင်အား ၂၅၀ လောက်ကို PDF-ဆောက မိုင်းထောင်တိုက်ခိုက်ခဲ့ရာ တိုက်မိုင်း ၃ လုံးကွဲပြီး စစ်ကောင်စီဘက်က အရာရှိတစ်ယောက်အပါဝင် ၃ ယောက်သေဆုံးကာ ၆ ယောက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 weeks Ago
Up