close

လေ့ကျင့်ခွင့် ပိတ်

close

December 18, 2021

တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ်အသင်းနှင့်အတူ လေ့ကျင့်ခွင့် ပိတ်ပင်

အာဆင်နယ်နည်းပြ အာတီတာဟာ တိုက်စစ်မှူး အူဘာမီယန်းကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ 

ဒီကနေ့ည ကစားမယ့် လိဒ်ယူနိုက်တက်ပွဲစဉ်မှာလည်း အူဘာမီယန်းကို ချန်လှပ်ထားပြီး တစ်ဦးတည်း လေ့ကျင့်ခန်းအစီအစဉ်တွေကိုပဲ ပြုလုပ်ခိုင်းထားတယ်လို့ သိရပါတယ်။ 

အူဘာမီယန်းအနာဂတ်ဟာ အသင်းမှာဆက်မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ နည်းပြအာတီတာက ဖြေကြားဖို့ငြင်းဆန်ခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်အတွက် ချန်လှပ် ထားတယ်လို့ပဲ ပြန်လည်ဖြေကြားသွားပါတယ်။ 

အူဘာမီယန်းဟာ ဒီဇင်ဘာ ၁၁ ရက်က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မတိုင်ခင်မှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ပြင်သစ်ကို ခွင့်နဲ့ ပြန်သွားခဲ့တာပါ။ ပြင်သစ်ကပြန်အလာမှာ နောက်ကျခဲ့ပြီး ကိုဗစ်စစ်ဆေးမှုတွေအပါအဝင် အသင်းရဲ့ညွှန်ကြား ချက်အတိုင်း  မလိုက်နာခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံခဲ့ရသလို အသင်းရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရပါတယ်။ 

57 seconds Ago
Up