close

လေ့ကျင့်ခွင့်

close

August 12, 2022

စီနီယာကစားသမား ၄ ဦးကို အသင်းနှင့်အတူ လေ့ကျင့်ခွင့် စပါးနည်းပြကွန်တီ ပိတ်ပင်

စပါးအသင်းနည်းပြ ကွန်တီဟာ စီနီယာကစားသမား ၄  ယောက်ကို အသင်းနဲ့အတူ လေ့ကျင့်ခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။

အဲဒီကစားသမား ၄ ယောက်ကတော့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဒွန်ဘီလီ၊ လိုဆယ်ဆိုနဲ့ ဟယ်ရီဝင့်ခ်နဲ့ နောက်ခံလူ ရက်ဂူလွန် တို့ဖြစ်ပြီး နည်းပြကွန်တီကရောင်းချဖို့ စီစဉ်ထားတာပါ။

စပါးအသင်းဟာ လိုဆယ်ဆိုနဲ့ အန်ဒွန်ဘီလီတို့ကို ပြီးခဲ့တဲ့ရာသီက ဗီလာရီးယဲလ်နဲ့ လိုင်ယွန် အသင်းတွေဆီ အငှားချထား ခဲ့တာပါ။

လက်ရှိရာသီမှာတော့ ကစားသမားသစ် ၆ ယောက် ခေါ်ယူထားတာ ကြောင့် အဆိုပါ စီနီယာကစားသမား ၄ ယောက်ကို  လေ့ကျင့်ခွင့်မပေးဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့သာ လေ့ကျင့်ဖို့ နည်းပြကွန်တီက ညွှန်ကြားထားပါတယ်။

အဲဒီကစားသမားတွေဟာ တောင်ကိုရီးယားခြေစမ်းခရီးစဉ် မှာလည်း လိုက်ပါကစားခွင့်မရခဲ့ကြသူတွေပါ။ 

စပါးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သူ အန်ဒွန်ဘီလီကိုတော့ နယူးကာဆယ်အသင်းက ခေါ်ယူဖို့ကမ်းလှမ်းထားပါတယ်။ 

2 mins Ago
Up