close

လေ့ကျင့်ပေး

close

October 28, 2022

ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် သြစတြေးလျက စစ်သည် ၇၀ စေလွှတ်မည်

ရုရှားကျူးကျော်စစ်ကို တွန်းလှန်မယ့် ယူကရိန်းရဲ့ စစ်အင်အားကို အားကောင်းစေဖို့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရာမှာ အကူအညီပေးဖို့ ဗြိတိန်ဆီကို စစ်သား ၇၀ စေလွှတ်မယ်လို့ သြစတြေးလျက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က “ပဋိပက္ခက ကြာမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” လို့ ABC သတင်းဌာနကို ပြောပါတယ်။

ယူကရိန်းပဋိပက္ခစခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဩစတြေးလျရဲ့ နောက်ဆုံးအထောက်အပံ့ အနေနဲ့ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၄၂၅ သန်း ပံ့ပိုးသွားမှာပါ။ ဒါ့အပြင် ကျည်ကာယာဉ်အစီးရေ ၃၀ ကိုလည်း ပေးမယ်လို့ ပြောပါတယ်။

ယူကရိန်းအတွက် ဩစတြေးလျဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့  နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အကြီးဆုံး ထောက်ပံ့ပေးသူတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။

ဩစတြေးလျဟာ ယူကရိန်းကို အကူအညီနဲ့ ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေပြီး ရုရှားနိုင်ငံဆီ အလူမီနီယံနဲ့ အလူမီနီယံသတ္တုရိုင်း တင်ပို့မှုကို တားမြစ်ထားပါတယ်။ ရာနဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေအပေါ်လည်း ပိတ်ဆို့အရေးယူထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ အမိန့်ပေးခဲ့ပြီးနောက် စစ်ပွဲကြောင့် လူ ထောင်နဲ့ချီ သေဆုံးကာ နေအိမ်တွေ စက်ရုံတွေ ပျက်စီးခဲ့ပါတယ်။

2 hours Ago
Up