close

လေ့ကျင့်ရေးကျောင်း

close

November 12, 2021

ရောဂါထိန်းချုပ်ရေးဗဟိုဌာနအတွက် လေ့ကျင့်ရေးကျောင်း နေပြည်တော်တွင် တရုတ်ဆောက်လုပ်

မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသားဇီဝဘေးကင်းမှု အဆင့်သုံး (P3) လက်တွေ့စမ်းသပ်ခန်း ပါဝင်တဲ့ ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC) လေ့ကျင့်ရေးကျောင်းကို  နေပြည်တော်မှာ တရုတ်အစိုးရက ဆောက်လုပ်ပေးနေတယ်လို့ တရုတ်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။  

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ  နေပြည်တော်ရှိ  ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC) နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လေ့ကျင့်ရေးကျောင်းစီမံကိန်းကို နိုဝင်ဘာ ၁၀ ရက်နေ့က သွားရောက်ခဲ့တယ်လို့ လည်း သံရုံးက  ထုတ်ပြန်ပါတယ်။

ဒီစီမံကိန်းကို တရုတ်နိုင်ငံက အကူအညီပေးနေတာဖြစ်ပြီး  စီမံကိန်းဟာ မြေဧရိယာ စတုရန်းမီတာ ၈၀၀၀၀၊ အဆောက်အအုံဧရိယာက စတုရန်းမီတာ ၁၈၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

လက်တွေ့ စမ်းသပ်ခန်းစက်ပစ္စည်းတွေလည်း တပ်ဆင်ထားပြီး စက်ပစ္စည်းတွေအပြင် တရုတ်နိုင်ငံက ၂ နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပြီး  မြန်မာနိုင်ငံအတွက် ကျန်းမာရေးနဲ့ နည်းပညာဝန်ထမ်းတွေ လေ့ကျင့်မွေးထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယာယီအဆောက်အအုံတွေ တည်ဆောက်ဖို့  မြေဖို့တာလည်း ပြီးသွားပြီဖြစ်ပါတယ်။

Photo Credit- Chinese Embassy

2 mins Ago
Up