close

လေ့ကျင့်ရေးလေယာဉ် ပျက်ကျ

close

March 8, 2022

ထိုင်းလေတပ် လေ့ကျင့်ရေးလေယာဉ် ၁ စင်း ပျက်ကျ

ထိုင်းအရှေ့မြောက်ပိုင်း၊ ချိုင်းယဖုမ်းခရိုင်၊ ကျဒူးရတ်မြို့နယ်ထဲမှာ မတ်လ ၈ ရက် ဒီကနေ့မွန်းလွဲ  ၁ နာရီ ၄၀ မိနစ်အချိန်က ထိုင်းလေတပ် အမှတ် ၁ က လေ့ကျင့်ရေး လေယာဉ်ပျံတစင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသွားခဲ့တယ်လို့  Sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါလေယာဉ်မှာ F-16 A အမျိုးအစားဖြစ်ပြီး အမှတ် ၁ လေတပ် တပ်ရင်း ၁၀၃ က ဖြစ်ကြောင်း လေယာဉ်မောင်းသူကတော့ ဘေးကင်းစွာခုန်ဆင်းနိုင်ခဲ့တယ်လို့သိရပါတယ်။

လောလောဆယ် လေကြောင်းကယ်ဆယ်ရေးတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာကို သွားရောက်ကူညီကယ်ဆယ်နေပြီး  အနီးနားနေ ပြည်သူတွေအနေနဲ့ အဆိုပါနေရာအနီးတဝိုက်မှာ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ခပ်ဝေးဝေးနေကြဖို့ ထိုင်းလေတပ်က သတိပေး ထုတ်ပြန်ထားပါတယ်။

5 mins Ago
Up